Thursday, December 12, 2019

ဂမ်ဘီယာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်‌‌ေအာင်ဆောင်ရွက်နေသည်ကို ဖော်ပြရန် ပျက်ကွက်

Image may contain: one or more people
ဂမ်ဘီယာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အောင် ဆောင်ရွက်နေတာကို ဖော်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့ မြန်မာဘက်က ရှေ့နေ မစ္စ ဖီဘီအိုကိုဝါက ICJ တရားရုံးမှာလျှောက်ထားခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေ ရှိနေတာကိုလည်း တင်ပြဖို့ ပျက်ကွက်ခဲ့တယ် လို့ရှေ့နေ မစ္စ ဖီဘီအိုကိုကပြောပါတယ်။
တရုတ်နဲ့ဂျပန်က လူသားချင်းစာနာမှုပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေ ကူညီလုပ်ပေးနေကြောင်းနဲ့
နေရပ်စွန်ခွာသူအနည်းငယ်သာ ပြန်လာပြီး တချို့တွေက နိုင်ငံသားပေးဖို့ တောင်းဆိုတာက အငြင်းပွားစရာရှိနေတယ်လို့မစ္စ ဖီဘီအိုကိုဝါ ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မူစလင်တွေသာမဟုတ်ဘဲ တခြားလူမျိူး တွေလည်း အကြမ်းဖက်ခံရမူတွေရှိနေတယ် လို့လဲ သူကပြောပါတယ်။
မြန်မာအစိုးရက ဒီဒေသမှာရှိတဲ့လူတွလုံခြုံရေး အတွက်တည်ငြိမ်ဖို့လုပ်နေသလို ကျူးလွန်သူ တွေကိုလည်း ဥပဒေအရအပြစ်ပေးနေ တာတွေလည်းရှိတယ်လို့ မစ္စ ဖီဘီအိုကိုဝါ က ပြောပါတယါ။

No comments:

Post a Comment