Monday, October 12, 2015

ရွေးကောက်ပွဲနီးချိန်တွင် မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်သည့် ထောင် ချောက်များအတွင်း မ၀င်မိစေရေး သတိထားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ရွေးကောက်ပွဲကျင်းပရန် တစ်လခန့်သာလိုတော့ချိန်တွင် မတည်မငြိမ်ဖြစ် အောင်  လှုံ့ဆော်မှုများ၏ ထောင်ချောက်များအတွင်း မ၀င်မိစေရေး သတိထားကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား ပြောကြား သည်။
‘‘ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ရွေးကောက် ပွဲဖြစ်မြောက်အောင် လုပ်နိုင်မှ ကျွန်မတို့လိုချင်တဲ့အပြောင်းအ လဲတွေကို ရမှာပါ။ မတည်မငြိမ် အောင် လှုံ့ဆော်တာတွေ၊ တမင် စိတ်ဆိုးအောင်လုပ်တာတွေရှိလို့ ရှိရင် ပြည်သူတွေအနေနဲ့ စိတ်ကို ထိန်းပါ။ ဒီလိုရွေးကောက်ပွဲမတိုင် ခင် မတည် မငြိမ်ဖြစ်စေချင်တဲ့သူ တွေရဲ့ ထောင်ချောက်ထဲကို ၀င် မသွားပါစေနဲ့လို့ ပြောပါရစေ’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြော သည်။

ယခုလ ၁၀ရက်တွင် ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် တိုက်ကြီး မြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးဟောပြောမှု ပြုလုပ်ခဲ့သည်။

အဆိုပါ နှစ်မြို့နယ်စလုံးတွင်ပြုလုပ်သော မဲဆွယ်ဟောပြောမှုများ၌ ရွေးကောက်ပွဲမတိုင်မီ တည်ငြိမ်မှုလိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသော ဒေသခံပြည်သူ များအား အလေးအနက်ထားပြီး ပြောကြားခဲ့သည်။

မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ အတွက် အရေးကြီးသည့် ရွေး ကောက်ပွဲဖြစ်ကြောင်း ပြည်သူ များအား သိစေချင် ကြောင်း၊ လာ မည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြတ် အသတ်အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင် မှသာ ပြည်သူများလိုလားသည့် အပြောင်းအလဲများကို လုပ်ဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများအား ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ရွေးကောက်ပွဲမတိုင်မီ တည်ငြိမ် အေးချမ်းမှုလိုသည်ဆိုသောအချက်မှာ  ဒီမိုကရေစီအင်အားစုများလည်း စိုးရိမ်နေ သည့်အချက်တစ်ချက်ပင်ဖြစ် သည်ဟု ရခိုင်အမျိုးသားပါတီဗဟို အလုပ်အမှုဆောင် ဦးအေးသာအောင်က ပြောသည်။

‘‘ရွေးကောက်ပွဲမတိုင်ခင် မ တည်မငြိမ်ဖြစ်မှာကို ကျွန်တော် တို့လည်း စိုးရိမ်တယ်။ ဒီရွေး ကောက်ပွဲက တိုင်းပြည်ဒီမိုကရေ စီနိုင်ငံဖြစ်အောင်လုပ်ဖို့ အတွက် အခွင့်အရေးတစ်ရပ်ပဲ မတည်မ ငြိမ်ဖြစ်နေတယ်ဆိုတဲ့အကြောင်း ပြချက်လေးပြပြီး ကျွန်တော်တို့ ပြည်သူတွေ မျှော်လင့်ထားတဲ့အ ခွင့်အရေးကိုတော့ လက်လွတ်မခံ နိုင်ဘူး။ အဲဒီတော့ မတည်မငြိမ် ဖြစ်အောင်လုပ်မယ့်သူတွေကို သ တိထားရမယ်’’ဟု ဦးအေးသာ အောင်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲသို့ တက်ရောက်လာ သူ ၁၀ဦးကို 7 Day Daily သတင်း စာက မေးမြန်းရာ နိုင်ငံတည်ငြိမ်စေလိုပြီး ရွေးကောက်ပွဲ ကိုလည်း အေးအေးချမ်းချမ်း ဖြစ်စေလိုသည့်ဆန္ဒရှိသည်ဟု ပြန်လည်ဖြေ ကြားမှုရှိသည်။

‘‘ကျွန်တော်တို့ကတော့ စိတ် မအေးချမ်းတာမခံစားစေချင်ဘူး။ ဒီရွေးကောက်ပွဲမပြီးခင်ရော၊ ပြီးပြီးတဲ့အခါမှာရော အေးအေးချမ်း ချမ်းဖြစ်စေချင်တယ်။ အမေစုပြောသလိုပဲ သတိထားပြီးနေမယ်’’ဟု တိုက်ကြီးမြို့နယ်နေ  ဦး တိုးစံက ပြောသည်။

7Day News Journal

No comments:

Post a Comment