Monday, September 28, 2015

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း၂၇နှစ်မြောက်နေ့ကြေညာချက်ထုတ်ပြန်”



မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို လက်တွေ့ကျကျပြောင်းလဲပေးနိုင်မည့် နိုင်ငံရေးပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သာဖြစ်ကြောင်း ၄င်းပါတီတည်ထောင်ခြင်း ၂၇ နှစ်မြောက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ထည့် သွင်းဖော်ပြလိုက်သည်

အမြော်အမြင်ရှိသော အားကောင်းသည့် ခေါင်းဆောင်မှု၊ တောင့်တင်းခိုင်မာသော လူထုထောက်ခံမှုရှိသည့် ပါတီ၊ ပြည်သူလူထုနှင့် တစ်သားတည်းကျသော ဒီမိုကရေစီ မူဝါဒလမ်းစဉ်စသည့် မွန်မြတ်သော အရည်အချင်းနှင့် ဂုဏ် ရည်သုံးရပ်တို့ ထပ်တူကျသည့် နိုင်ငံရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ဖွဲ့တည်းသာ ရှိကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းထားသည်။ 

ယခုလ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်းသည် ၂၇ နှစ်ပြည့်ပြီးဖြစ်ကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် လာမည့်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ပြိုင်မည့် ပါတီ လည်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment