Friday, September 11, 2015

ဆီးရီးယားမှာ ရုရှားရှိနေတာကို နေတိုးစိုးရိမ်


ဆီးရီးယားနိုင်ငံမှာ ရုရှား စစ်သားတွေ လှုပ်ရှားမှု များလာတာက စိုးရိမ်စရာ ဖြစ်တယ်လို့ နေတိုးမဟာမိတ် အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးက ပြောလိုက် ပါတယ်။ NATO ရဲ့ အတွင်းရေးမှူး Jens Stoltenberg က ရုရှားရဲ့ လှုပ်ရှားမှုတွေက ဆီးရီးယား ပဋိပက္ခကို ကောင်းကျိုးတွေ ဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါ တယ်။

ဆီးရီးယားနိုင်ငံမှာ ရုရှား စစ်သားတွေ လှုပ်ရှားမှု များလာတာကို ရုရှားက ငြင်းဆိုမှုမလုပ်ပဲ ဆီးရီးယားနိုင်ငံ မှာ ရုရှား စစ်ရေးကျွမ်းကျင်သူတွေ ရှိတယ်လို့သာ ပြောကြားခဲ့ပါတယ်။

ရုရှား စစ်သား ဘယ်လောက်ရောက်နေသလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။

လက်ဘနွန်နိုင်ငံကလာတဲ့ သတင်းတွေအရ ရုရှားစစ်တပ်ဟာ ဆီးရီးယားအစိုးရတပ်နဲ့အတူ စစ်ဆင်ရေး တွေမှာ ပါဝင်နေတယ်လို့ မနေ့တုန်းက ပြောပါတယ်။

ရုရှား စစ်သားတွေက ဆီးရီးယား စစ်စခန်း နှစ်ခုမှာ လှုပ်ရှားနေပြီး တစ်ခုကတော့ ကမ်းခြေတဲ့ နီးတဲ့ စခန်းနဲ့ နောက်တစ်ခုကတော့ ကုန်းတွင်းပိုင်းဖက်က စခန်းမှာ နေထိုင်ကြတာလို့ ဆိုပါတယ်။

အမေရိကန်က အရာရှိတွေကလည်း ရုရှားနိုင်ငံက စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေဟာလည်း ဆီးရီးယား ကို ရောက်ရှိနေတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှား ရေတပ်သားတွေလည်း ဆီးရီးယားထဲ ရောက်ရှိနေပြီး မြေပြင်မှာ ပါဝင်ဖို့ထက် စစ်သုံး ပစ္စည်းတွေကို ကာကွယ်ပေးတာ ပိုဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

နေတိုးနဲ့ အနောက်တိုင်းနိုင်ငံတွေကတော့ ဆီးရီးယား ပြည်တွင်းစစ်မှာ စစ်ရေးထက် နိုင်ငံရေးအရ ဖြေရှင်း ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း နှစ်သိန်းခွဲလောက် သေဆုံးရပြီ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment