Wednesday, September 09, 2015

ရေဘေး အတွက် ငွေကျပ်သန်းပေါင်း ၈ သောင်း ထောက်ပံ့မည်


နိုင်ငံအ၀န်းဖြစ်ခဲ့တဲ့ ရေဘေး တုံ့ပြန်ရေး လုပ်ငန်းတွေအတွက် အစိုးရနဲ့ ကုလသမဂ္ဂတို့က ငွေကျပ် သန်း ပေါင်း ၈ သောင်း ထောက်ပံ့သွားမယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေအတွက် အစိုးရက ငွေကျပ်သန်းပေါင်း ၁၆၀၀  သုံးစွဲထားပြီဖြစ်သလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အမေရိကန် ဒေါ်လာ ၃၈ သန်းကျော် ရထားပြီလို့လည်း ဖော်ပြထားတာပါ။

ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာ ဖြစ်ခဲ့တဲ့ ရေဘေးတွေကြောင့် လူပေါင်း ၁၂၂ ယောက် သေဆုံးခဲ့ပြီး ၁၆ သိန်း ပြောင်းရွှေ့ခဲ့ရတာပါ။

ပျက်စီးထိခိုက်ခဲ့တဲ့ အိမ်ခြေပေါင်း ၄၇၆၀၀၀ ကျော်ရှိတယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

ပြီးတော့ လယ်မြေဧက ၁၄ သိန်းကျော် ရေလွှမ်းခံခဲ့ရပြီး ဧက ၈ သိန်းခွဲ လောက် လုံးဝ  ပျက်စီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကတော့ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှု အများဆုံး ကြုံခဲ့ရတာ ဖြစ် ပါတယ်။

DVB

No comments:

Post a Comment