Wednesday, July 22, 2015

မြန်မာပြည်သိန်းတန် မြန်မာပြည်တွင် အမြဲတမ်းနေထိုင်ခွင့် (PR) ပယ်ချခံရ


မြန်မာပြည်သိန်းတန် အပါအဝင် အခြားမြန်မာလူမျိုးတစ်ဦးနှင့် ဂျာမနီနိုင်ငံသားတစ်ဦးတို့၏ နိုင်ငံ တွင်း အမြဲတမ်းနေထိုင်ခွင့် (PR)  လျှောက်ထားမှုကို လဝက က ပယ်ချလိုက်ပြီး ရင်းနှီးမြှုပ်နှံသူနှင့်နိုင်ငံသား ဟောင်း ၁၃ဝ ကျော်ကို ယခု ရက်ထဲတွင်  PR ခွင့်ပြုပေးလိုက် သည်ဟု သတင်းရရှိသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ လျှောက် ထားလာသော လျှောက်လွှာ ၁၃၄ စောင်ကို အစိုးရအဖွဲ့ဝင် ထိပ်တန်း   ခေါင်းဆောင်တို့ပါဝင်သော PR  ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေး အဖွဲ့က စိစစ်ပြီး ပြည် ထောင်စု အစိုးရ၏ အတည်ပြု ချက် ဖြင့် ခွင့်ပြုပေးခြင်းဖြစ်သည်ဟု လဝကမှ အ ဆင့်မြင့် အရာရှိတစ်ဦး က ပြောသည်။

”စုစုပေါင်း ၁၃၁ ဦးကို နေ ထိုင်ခွင့်ပြုပေးခဲ့တယ်။ ၃ ဦးက တော့ သတ်မှတ်ချက်နဲ့ မကိုက်ညီ လို့ ငြင်းပယ် လိုက်ပါတယ်”ဟု ၄င်း ကပြောသည်။

ငြင်းပယ် ၃ ဦးတွင် အထက်ပါ ပုဂ္ဂိုလ်သုံးဦး ပါဝင်နေသည်။ ပြဋ္ဌာန်းနည်းဥပဒေတို့နှင့် မကိုက် ညီခြင်း ကြောင့် ငြင်းပယ်ခြင်း   ဖြစ်   ကြောင်း အထက်ပါအဆင့်မြင့် အရာရှိက အကြောင်းပြချက်ပေးခဲ့သည်။

လက်ရှိတွင် ခွင့်ပြုပေးသူများ ထဲမှ ၁၂၄ ဦးကို လက်မှတ်များ ထုတ်ပေးလိုက်ပြီဟု ၄င်းက ဆက် ပြောသည်။

လက်မှတ်ရသူထဲတွင် ကျွမ်းကျင်ပညာရှင် ခေါင်းစဉ်ဖြင့် အမေ ရိကန်၊ စင်ကာပူ၊ ဂျပန်၊ တရုတ်နှင့် တောင် ကိုရီးယားနိုင်ငံတို့မှ ပညာ ရှင်နိုင်ငံခြားသား ၇ ဦး ပါဝင်ပြီး ထိုထဲတွင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြသည့် ဒေါက်တာဇော်ဝင်း၊ ဒေါက်တာ အေးချမ်း၊   ဦးတင်အောင်လှိုင်နှင့် ဦးမြင့်ဦး စသော မြန်မာ နိုင်ငံသားဟောင်း များလည်း ပါဝင်နေသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံသူခေါင်း စဉ်ဖြင့် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား နိုင်ငံသား ၅ ဦးကို လည်းကောင်း၊ ကျန်သည့်  နိုင်ငံ သားဟောင်း ၆၃ ဦးနှင့် နိုင်ငံသားနှင့် အိမ်ထောင် ကျသည့် ဆက်စပ်နိုင်ငံခြားသား ၂၇ ဦး၊ မိသားစုဝင် ၂၈ဦးတို့ကိုပါ အမြဲတမ်းနေထိုင်ခွင့် (PR) လက် မှတ်များ ထုတ်ပေးလိုက်သည်ဟု လဝကမှ သတင်းရရှိသည်။

 နိုင်ငံအတွက် အကျိုးရှိစေသော  ပြည်ပရောက် နိုင်ငံခြားသား တို့ကို အမှတ်ပေးစနစ်ဖြင့် စိစစ် ရွေးချယ် ကာ ထုတ်ပေးသည့် PR စနစ်သည် ၅ နှစ်သက်တမ်းရှိသည်။

သက်တမ်းကုန်လျှင် တစ်နှစ် ချင်းစီ သက်တမ်းတိုးပေးသည်ဟု သိရသည်။ PR ဖြင့်နေထိုင်သူသည် နိုင်ငံခြားသားဖြစ်ပါက တစ်နှစ် အတွက် ဒေါ်လာ ၁ဝဝဝ၊ နိုင်ငံ သားဟောင်းဆိုပါက ဒေါ်လာ ၅ဝဝ အစိုးရသို့ ပေးကြရသည်။ အသက် ၇ နှစ်မှ ၁၈ နှစ်အထိဆိုပါက  ဒေါ်လာ ၃ဝဝ ပေးကြ ရသည်ဟု ထပ်မံသိရသည်။

Popular Myanmar News Journal


No comments:

Post a Comment