Thursday, July 30, 2015

MH17 အမှု ခုံရုံးတင်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံများ


သြစတြေးလျရဲ့ နိုင်ငံခြားရေးဝန်ကြီးက မလေးရှားပိုင် MH17 လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး နိုင်ငံတ ကာ ခုံရုံးမှာ တရားစွဲဖို့ ကိစ္စကို အားပေးတဲ့နိုင်ငံ များပြားကြောင်း ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ပျံသန်းတုန်း လေယာဉ် ပျက်ကျတာဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါလာတဲ့ လူပေါင်း သုံးရာ နီးပါးစလုံး သေဆုံးခဲ့ရပြီး သြစတြေးလျ နိုင်ငံသား ၃၈ ယောက် ပါဝင်ပါတယ်။

လူအများစုကတော့ ရုရှားက ထောက်ခံထားတဲ့ ယူကရိန်းသူပုန်တွေက လေယာဉ်ကို ပစ်ချတာ ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

ရုရှားကတော့ ခုံရုံးတင်မယ့် ကိစ္စမှန်သမျှကို ဗီတို အာဏာသုံးပြီး ကန့်ကွက်သွားမယ်လို့ ပြောဆိုထားပါ တယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဦးဆောင်ပါဝင်ခွင့် ရထားတဲ့ သြစတြေးလျ ဝန်ကြီးချုပ်က ခုံရုံးမှာစစ်ဆေး နိုင်အောင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်ခံမှုကို လိုက်လံ မေးမြန်းမှု လုပ်နေပြီး ထောက် ခံမှုများတယ်လို့ ပြောပါတယ်။

လေယာဉ် ပျက်ကျမှုအတွင်း ဟော်လန်၊ ဘယ်လ်ဂျီယံ၊ မလေးရှား၊ ယူကရိန်းနဲ့ သြစတြေးလျနိုင်ငံသားတွေ ပါဝင်တာကြောင့် အဲဒီ နိုင်ငံတွေက အမှုမှန် ပေါ်ပေါက်အောင် အထူး လိုလားနေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ မနက်ဖြန်လောက်မှာ မဲခွဲ ဆုံးဖြတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ABC

No comments:

Post a Comment