Wednesday, July 08, 2015

မျိုးဆက်အလိုက် IS ကို ချေမှုန်းရလိမ့်မယ်


IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကို လွယ်လွယ်ကူကူနဲ့ တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက သတိပေးလိုက် ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံအတွင်းက စစ်သွေးကြွ တွေကို ဝေဟင်ကနေ အကြိမ်ပေါင်း ၅၀၀၀ ကျော် တိုက်ခိုက်လာပြီ ဖြစ်ပေမယ့် IS အဖွဲ့ဟာ အရင်အတိုင်း ပဲ ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။

တချို့နေရာမှာ IS က ရှုံးနိမ့်နေပေမယ့် ဒီပြဿနာက မျိုးဆက်အလိုက် ဖြေရှင်းရမယ့် ပြဿနာဖြစ်ပြီး ရေတိုမှာ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

စစ်အတွင်းမှာ အရှုံးအနိုင်ကို တွက်ရမှာ မဟုတ်ပဲ အစွန်းရောက်နေတဲ့ အတွေးအခေါ်တွေ ပပျောက်သွား အောင် လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် အချိန်ယူရမှာ ဖြစ်တယ်လို့ ဘာရက် အိုဘားမားက ပြောပါတယ်။

လူတွေရဲ့ အတွေးအခေါ်ကို သေနတ်နဲ့ အနိုင်ယူလို့ မရပဲ ပိုကောင်းမွန်တဲ့ အတွေးအခေါ်တွေနဲ့သာ လွမ်းမိုး နိုင်မှ အောင်နိုင်မယ်လို့ ဆိုပါတယ်။

အမေရိကန်က အစ္စလာမ်နဲ့ တိုက်ပွဲဝင်နေတာ မဟုတ်ပဲ အစွန်းရောက် ဘာသာရေး အယူသည်းနေတဲ့ လူတွေနဲ့ တိုက်ပွဲဝင်ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

ABC

No comments:

Post a Comment