Monday, July 06, 2015

၁၉၉ရ ခုနှစ် မွေးဖွားသူများ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိရေးအတွက် မွေး စာရင်း သေချာစွာစစ်ရန်လို


အခြေခံမဲစာရင်း ထုတ်ပြန်ချိန်၌ အသက် ၁၈နှစ်မပြည့် သေးသော်လည်း ရွေးကောက်ပွဲကာ လရောက်မှ အသက် ၁၈နှစ်ပြည့် မည့် ၁၉၉၇ ခုနှစ်တွင် မွေးဖွားသူများအား အထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိရေး အတွက် မွေးစာရင်း သေချာစွာစစ်ရန် လိုအပ်ကြောင်း သိရသည်။

လာမည့် ၂၀၁၅ရွေးကောက်ပွဲ ကျင်းပမည့်ကာလသည် အောက်တို ဘာလကုန်နှင့် နိုဝင်ဘာလ ဆန်းပိုင်း ဟု သတ်မှတ်ထားခြင်းကြောင့် ၁၉၉ရ ခုနှစ် အောက်တို ဘာလကုန်နှင့် နိုဝင် ဘာလဆန်းပိုင်းအတွင်းမွေး ဖွားသူ များသည့် ရွေးကောက်ပွဲကာလတွင် အသက် ၁၈နှစ်ပြည့်ပြီဖြစ်သဖြင့် ယင်းတို့မှာ မဲပေးခွင့်ရှိမည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ယခုအခြေခံမဲစာ ရင်းပြုစုချိန်တွင် အသက် ၁၈ နှစ် မပြည့်သေးသော် လည်း ရွေးကောက် ပွဲကျင်းပမည့်ကာလရောက်မှာသာ အသက် ၁၈နှစ်ပြည့်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် မည်သို့ ဆောင် ရွက်ထားသည်ကို နေပြည် တော် ဒက္ခိဏသီရိ ခရိုင် ကော်မ ရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးအားမေးမြန်း ခဲ့ရာ ယင်းက ''ရွေးကောက် ပွဲရက် ကို ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်ကအကြမ်း ဖျင်း ကြေညာ တာက ၂၀၁၅ ခုနှစ် အောက်တိုဘာလ ကုန်၊ နိုဝင်ဘာလဆန်းပေါ့ ။ ရွေး ကောက်ပွဲက ရုံးပိတ်ရက် မှာလုပ် မှာ ဖြစ်တဲ့အတွက် တွက်ကြည့်ရင် အောက် တိုဘာလ ကုန် ၃၁ရက်နေ့က စနေနေ့ဖြစ် တယ်။ 

နိုဝင်ဘာ ၁ရက် က တနင်္ဂနွေနေ့ဖြစ်တယ်။ နိုဝင်ဘာ လဆန်းဆိုရင် နိုဝင်ဘာ ရရက်က စနေ ၈ရက်နေ့က တနင်္ဂနွေနေ့ ပဲ။ ရွေးကောက်ပွဲက နိုဝင်ဘာ ၈ရက်နေ့ ကျင်းပမယ်ဆိုရင် ၁၉၉၇ နိုဝင်ဘာ ၈ရက်နေ့နောက် ပိုင်း မွေးသူတွေက မဲပေးခွင့်ရတဲ့ သူတွေဖြစ်တယ်။ အဲဒါ ကြောင့် ၁၉၉၇ ခုနှစ်မွေးတဲ့သူတွေ ကို မွေးသက္က ရာဇ်၊ မွေးစာရင်း အတိ အကျစစ်နေပါတယ်''ဟုဆိုသည်။

ယခုလက်ရှိတွင် အသက် ၁၈ နှစ်မပြည့်သေးသော်လည်း ယင်း ကာလတွင် အသက် ၁၈နှစ်ပြည့်မီ သူများ အနေဖြင့် လက်ရှိထုတ်ပြန်ထားသော မဲစာရင်းတွင် မပါဝင်ခဲ့သော် မဲစာရင်းတွင်ပါဝင်ရေး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်ဖြည့် စွက် လျှောက်ထားနိုင် ကြောင်း လည်းသိရသည်။

YM, MP, MO
‪#‎Democracytoday‬


No comments:

Post a Comment