Saturday, June 13, 2015

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာခေါင်းဆောင်ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ


တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ တံခါးဖွင့် ဝါဒကျင့်သုံးခဲ့ပြီး ၂၀၁၁ - ၂၀၁၂ အချိန်ကစပြီး သမ္မတဦးသိန်းစိန်အပါ အဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဘေဂျင်းကို ဖိတ်ကြားခဲ့ ပါတယ်။

သူတို့တတွေကတော့ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ လွတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ပဲ ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နောက်ဆုံးဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်မှာ သမ္မတ၊ လွတ်တော်နဲ့ အုပ်ချုပ်ရေးမှာ အကြီးအကဲ ဖြစ်လာမယ့် သူတွေကို တဦးချင်း၊ အဖွဲ့ချင်း ဖိတ်ကြားပြီး ဘေဂျင်းမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဘေဂျင်းမှာ မြန်မာပြည်ရဲ့ “ ကြီးလေးကြီး”ကိုခေါ်တွေ့ခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အတိုက်အခံထဲက ခေါင်းဆောင်အဖြစ် အသေအချာ အသိ အမှတ်ပြုပြီး ခေါ်ယူတွေ့ဆုံခဲ့ တာပဲ ဖြစ်ပါတယ်။

ဧရာဝတီ




No comments:

Post a Comment