Thursday, June 18, 2015

နိုင်ငံတကာ စစ်ရေးနည်းပညာပြပွဲ ရုရှားတွင် ကျင်းပ





“Army 2015″ လို့ အမည်ပေးထားတဲ့ နိုင်ငံတကာ စစ်ရေးနည်းပညာ ပြပွဲကို ရုရှားနိုင်ငံမြို့တော် မော်စကို မှာ ဇွန် ၁၆ ရက်ကနေ ၁၉ ရက်အထိ ကျင်းပနေ ပါတယ်။

ရုရှားက ထုတ်ထားတဲ့ Su-30 ၈ျက်တိုက်လေယာဉ်၊ M-28N ရဟတ်ယာဉ်နဲ့ Kurganets-25  တို့ကိုလည်း ပြပွဲမှာ ပြသထားပါတယ်။

အဖွင့်မိန့်ခွန်းကို သမ္မတ ဘလာဒီ မာပူတင်က ပြောကြားရာမှာ ရုရှားစစ်တပ် ကို ၂၀၂၀ လောက်ကျရင် ခေတ်မီလက်နက်တွေ ၇၀ ရာခိုင်နှုန်းလောက် အထိ တပ်ဆင်သွားမယ့် ရည်မှန်းချက်ကို ထုတ်ပြောခဲ့ပါ တယ်။

နေတိုး စစ်မဟာမိတ်အဖွဲ့က ရုရှားနယ်စပ်တကြောမှာ နေရာယူလာတဲ့အချိန် ရုရှားကလည်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်မယ့်သဘော ဖြစ်ပါတယ်။

ကမ္ဘာ့တိုက်ကြီးတခုကနေ နောက်တခုဆီကို လှမ်းပစ်နိုင်မယ့် မစ်ဆိုင်း ဒုံးကျည်စနစ်လည်း ဒီနှစ်ထဲ ရုရှား စစ်တပ်မှာ တပ်ဆင်မယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။

ICBMs လို့ အတိုကောက်ခေါ်တဲ့ အဲဒီစနစ်ဟာ အဖျက်ဒုံး စနစ်တွေကိုလည်း ထိုးဖောက်နိုင်စွမ်း ရှိမယ်လို့ ဆိုပါတယ်။

ဒီနှစ်ပြပွဲမှာ ရုရှားစစ်တပ်က မသုံးတော့တဲ့ ပစ္စည်း အမျိုးပေါင်း ၁၂၀၀၀ ကိုလည်း ပထမဆုံး အနေနဲ့ လေလံတင် ရောင်းချပါတယ်။

ပို့ဆောင်ရေးယာဉ်၊ မီးရထားနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကိရိယာတွေလို ပစ္စည်းတွေသာ ပါဝင်ပြီး စစ်လက်နက်ပစ္စည်းတွေတော့ မပါဝင်ဘူးလို့ ကာကွယ်ရေးဌာန လက်အောက်ခံ ပစ္စည်းထိန်းသိမ်းရေးဌာန က အရာရှိတယောက်က ရှင်းပြပါတယ်။

ဒီနှစ်ပြပွဲကို လူ ၁ သိန်းလောက် လာရောက် ကြည့်ရှုမယ်လို့ ခန့်မှန်းထား ပါတယ်။

DVB


No comments:

Post a Comment