Friday, May 22, 2015

ဘန်ကီမွန်း ၂ နှစ်ငံ ပူးတွဲစက်မှုဇုန်ခရီးစဉ် မြောက်ကိုရီးယားကြောင့် ဖျက်သိမ်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တောင်နဲ့ မြောက်ကိုရီးယား ပူးတွဲ စက်မှုဇုန်ကို အလည်အပတ်သွားမယ့် အစီအစဉ်ဟာ ပြုံးယမ်းအစိုးရဘက်က စိတ်ပြောင်းသွားတဲ့အတွက် ဖျက်သိမ်း လိုက်ရတယ်လို့ ဘန်ကီမွန်းက ဒီနေ့ ပြောလိုက်ပါတယ်။
နောက်ဆုံး မိနစ်ကျတော့မှ မြောက်ကိုရီးယားဘက်က အကြောင်းပြချက် မပေးဘဲ ငြင်းပယ်လိုက်တဲ့အ တွက် အလွန်အမင်း ၀မ်းနည်းရတယ်လို့ ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မှာ ရှိတဲ့ အစည်းအဝေး မိန့်ခွန်းမှာ ပြောပါတယ်။

ဒါပေမ့ယ် ကိုရီးယားကျွန်းဆွယ်ဒေသနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မြောက်ကိုရီးယား အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ တိုက်တွန်းပါတယ်လို့လည်း ဘန်ကီမွန်းက ပြောပါတယ်။

တောင်ကိုရီးယားအစိုးရကလည်း မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်အတွက် ၀မ်းနည်းရတယ်လို့ ပြောပါ တယ်။

တောင်နဲ့ မြောက်ကိုရီးယား နယ်စပ်ကနေ မြောက်ဘက်ကို မိနစ်အနည်းငယ် ကားမောင်းသွားရင် ရောက် တဲ့ ကေဆောင်းစက်မှုဇုန်ကို လာမယ့် မေ ၂၁ ရက်နေ့မှာ ဘန်ကီမွန်း အလည်အပတ်သွားဖို့ စီစဉ်ခဲ့တာပါ။

မူလအစီအစဉ်အတိုင်းဖြစ်ခဲ့ရင် ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်း မြောက်ကိုရီးယားကို အလည်အပတ် သွားခွင့်ရတဲ့ တတိယမြောက် ကုလသမဂ္ဂအကြီးအကဲ ဖြစ်လာနိုင်ပါတယ်။

ဘန်ကီမွန်းကတော့ ပူးတွဲ စက်မှုဇုန်ကို အလည်အပတ် သွားဖြစ်ရင် နှစ်နိုင်ငံ ဆွေးနွေးပွဲအတွက် လမ်း စပေါ်အောင် အကူအညီပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

အခု ခရီးစဉ်ကို ဖျက်သိမ်းလိုက်တဲ့ ကိစ္စကို မြောက်ကိုရီးယား အစိုးရ မီဒီယာတွေမှာလည်း မဖော်ပြပါဘူး။

ဘန်ကီမွန်းဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပြီးအဲဒီကာလအတွင်း မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအ စဉ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့ ကာလဖြစ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment