Friday, May 22, 2015

လှေစီးဒုက္ခသည်များအရေး ၃ နိုင်ငံ ဆွေးနွေး


မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေဟာ မလေးရှားနိုင်ငံ ပူထရာဂျာယာမှာ ဒီနေ့ တွေ့ ဆုံပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ လှေစီးထွက်ပြေးလာသူတွေ အများကြီးပေါ်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်။


အဲဒီ ၃ နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေက လှေစီးဒုက္ခသည် ၃၀၀၀ နီးပါးလောက်ကို ကယ်တင်ပြီး ကမ်းပေါ်အတက်ခံခဲ့ပါတယ်။

မေ ၂၀ ရက်နေ့အစောပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူမားတြားကျွန်း ကမ်းရိုးတန်းမှာ လူရာပေါင်း များစွာကို ကယ်တင်ခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု နှိမ်နင်းရေး လုပ်ဆောင်လာပြီးနောက်မှာ သူတို့တွေကို ပင်လယ်ထဲ အမျှောခံရ မှာကိုလည်း သူတို့က ကြောက်ရွံ့နေကြပါတယ်။

လူတွေ ရာနဲ့ချီ တင်ဆောင်ထားတဲ့ လှေတွေပေါ်မှာ အစာရေစာ ငတ်ပြတ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ဒုက္ခသည်တွေကို မောင်းထုတ်ခဲ့ကြပြီးနောက်မှာ သူတို့တွေကို ကမ်းကပ်ခွင့်ပေးဖို့ နိုင်ငံတကာက အဲဒီ ထိုင်း၊ မလေး၊ အင်ဒို ၃ နိုင်ငံကို ဖိအားတွေ ၀ိုင်းပေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ ရောက်ရှိလာသူတွေဟာ သူတို့ရဲ့ ဆင်းရဲတဲ့နိုင်ငံတွေ ကနေ စီးပွားရှာဖို့ ထွက်လာ ခဲ့ကြတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကနေ လာသူတွေကတော့ လူနည်းစု မွတ်ဆလင်ရိုဟင်ဂျာတွေကို ဖိနှိပ် ခွဲခြားဆက်ဆံကြလို့ ထွက်ပြေးလာသူတွေ ဖြစ်တယ် လို့ ယူဆနေကြပါတယ်။

DVB

No comments:

Post a Comment