Friday, May 15, 2015

အပျိုစင်စစ်ဆေးမှုကို ရပ်တန့်ဖို့ အင်ဒို ဖိအားပေးခံရ


အင်ဒိုနီးရှား စစ်တပ်မှာ အမှုထမ်းဆောင်လိုတဲ့ အမျိုးသမီးတွေကို အပျိုစင်စစ်မစစ် စစ်ဆေးတာကို ရပ်တန့် ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အင်ဒိုနီးရှား အစိုးရကို ပြောလိုက်ပါတယ်။ စစ်ထဲ ဝင်လိုတဲ့ အင်ဒိုနီးရှား အမျိုးသမီးတွေကို ဆရာဝန်တွေက အပျိုစင် ဟုတ်မဟုတ် စစ်ဆေးတာဖြစ်ပြီး လက်နှစ်ချောင်းထိုးပြီး စစ်ဆေးတယ်လို့ ဆိုပါတယ်။
အဲလို စစ်ဆေးတဲ့ ဆရာဝန်တွေကလည်း အမျိုးသားဆရာဝန် ဖြစ်တဲ့အတွက် စစ်ဆေးခံရတဲ့ အမျိုးသမီးတွေ ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်နေကြတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အပျိုစင်နဲ့ စစ်တပ်နဲ့ မဆိုင်ဘူးလို့ ဝေဖန်နေကြပေမယ့် အင်ဒိုနီးရှား အစိုးရ အရာရှိတစ်ယောက်ကတော့ ကိုယ်ရော စိတ်ပါ ကျန်းမာတဲ့ အမျိုးသမီးတွေ ရှိဖို့ အရေးကြီးတဲ့အတွက် အခုလို စစ်ဆေးတာလို့ ပြော ပါတယ်။

ဒါ့အပြင် ပညာရှင်တချို့က အဲလို စစ်ဆေးလိုက်ခြင်းအားဖြင့် အပျိုစစ်မစစ်ကို မသိနိုင်ဘူးလို့ ပြောပါတယ်။

အပျိုစင် အမျိုးသမီးရဲ့ အင်္ဂါမှာ အမြှေးပါး တခုရှိပေမယ့် အဲဒီ အမြှေးပါးက အလွယ်တကူငယ်စဉ်ဘဝ ကတည်းက ကျော်လွှား သွားလာရင်၊ လဲကျရင်း ပျက်စီးသွားနိုင်တဲ့အတွက် အပျိုစင်တိုင်းမှာ မရှိကြဘူး လို့ ထောက်ပြကြပါတယ်။

အင်ဒိုနီးရှားမှာ အဲဒီလို စစ်ဆေးတာကို ၁၉၈၀ ဝန်းကျင်လောက်ကတည်းက လုပ်လာတာလို့လည်း သိရပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ဒါဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တမျိုးဖြစ်ပြီး သိပ္ပံနည်း လမ်း မကျတဲ့ စမ်းသပ်မှု ဖြစ်တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

ABC

No comments:

Post a Comment