Tuesday, May 12, 2015

အီးယူပေါ်လစီကို ကုလကပါ ထောက်ခံဖို့ ပြောဆို


မြေထဲပင်လယ်ကို လှေတွေနဲ့ ဝင်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂ အီးယူက ဖြေရှင်းဖို့ ကြိုး စားနေပြီး အီးယူရဲ့ ပေါ်လစီကို ကုလသမဂ္ဂ ကပါ ထောက်ခံမှသာ အောင်မြင်မယ်လို့ အီးယူက ပြောပါ တယ်။ အီးယူရဲ့ ပေါ်လစီထဲမှာ လူကုန်ကူး သူတွေရဲ့ လှေကို ဖျက်ဆီးဖို့ ပါရှိပြီး လူတွေ ပင်လယ်ပြင်မှာ အသက် ဆုံးရှုံးမှု နည်းပါးအောင် လုပ်ဆောင်ဖို့ ပါရှိပါတယ်။

ဒီကိစ္စကို အီးယူအဖွဲ့တစ်ခုတည်းကပဲ မဖြေရှင်းနိုင်တဲ့အတွက် ကုလသမဂ္ဂကပါ ပါဝင်ဖို့  အီးယူရဲ့ ပေါ်လစီ အကြီးအကဲ Federica Mogherini က ပြောပါတယ်။

ဒီနှစ်အတွင်း မြေထဲ ပင်လယ် ဖြတ်ကျော်ရင်း သေဆုံးရသူ အယောက်ပေါင်း ၁၈၀၀ ကျော် ရှိသွားတဲ့အ တွက် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

လူကုန်ကူးသူတွေဟာ ဆီးရီးယား၊ လစ်ဗျားနဲ့ အာဖရိကမှာ ဖြစ်နေတဲ့ စစ်တွေကို အခွင့်ကောင်းယူပြီး လူတွေကို ဥရောပ နိုင်ငံထဲ ဝင်နိုင်အောင် လူကုန်ကူးမှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ လိုတယ်လို့ အီးယူ က ပြောပါတယ်။

ဒါဟာ လူသားခြင်း စာနာရေး တစ်ခုတည်းသာမက လုံခြုံရေးနဲ့ပါ ဆက်စပ်နေတယ်လို့ ပြောလိုက်ပါတယ်။

လူကုန်ကူးသူတွေ အသုံးပြုတဲ့ လှေကို ဖျက်ဆီးလိုက်မယ့် အီးယူရဲ့ အဆိုကို ကုလသမဂ္ဂ လုံခြုံရေးအဖွဲ့ ဝင်တွေ ဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ Lithuania နိုင်ငံတို့က ထောက်ခံတဲ့အနေအထား ရှိပေမယ့် ရုရှားကတော့ ဆန့်ကျင်နေပါတယ်။

လူကုန်ကူးသူတွေက တခြား လူတွေဆီကနေ လှေကို ငှားရမ်းတာ ဖြစ်ပြီး အဲဒီ လှေတွေနဲ့ လူကုန်ကူးတော့ မယ် ဆိုတာကို လှေပိုင်ရှင်တွေက မသိတဲ့အတွက် လှေကို ဖျက်ဆီးမယ့် ကိစ္စကို သဘောမတူဘူးလို့ ရုရှား က ပြောပါတယ်။

ဒါ့အပြင် အီးယူတပ်တွေကို လစ်ဗျား ရေပိုင်နက်အထိ ဝင်ပြီး လှေတွေကို တားဆီးခွင့်ပေးဖို့ ပေါ်လစီမှာ  ပါရှိတဲ့အတွက် အဲဒီ ပေါ်လစီကို လူ့အခွင့်အရေးအဖွဲ့နဲ့ လစ်ဗျားက အနီးကပ်စောင့်ကြည့်နေပါတယ်။

အီးယူကတော့ လစ်ဗျားရဲ့ အချုပ်အချာ အာဏာကို လုံးဝ ထိပါးမှာ မဟုတ်ပဲ ပူးပေါင်း လုပ်ကိုင်ရုံသာ လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

ABC

No comments:

Post a Comment