Monday, May 04, 2015

ဖိလစ်ပိုင် နဲ့ အမေရိကန် မကျေနပ်ပွဲ စက်တင်ဘာလထဲ ပြန်နွဲဦးမလား



၂၀၁၅ ခုနှစ် မေလ ၂ ရက်နေ့က အမေရိကန် နိုင်ငံမှာ ရှင်ပြိုင်ထိုးသတ်ခဲ့ကြသည့် လက်ဝှေ့ပွဲတွင် ကမ္ဘာကျော် လက်ဝှေ့သမား နှစ်ဦးဖြစ်ကြသော ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်နီပတ်ကွီရို နှင့် ပြိုင်ဘက် အမေရိကန်နိုင်ငံရဲ့ ရူံးပွဲမရှိ နံမည်ကြီးလက်ဝှေ့သမား မေဝယ်သာတို့ ယှဉ်ပြိုင်ကြရရာတွင် အမှတ်ကွာခြားချက်အရ မေဝယ်သာက အနိုင်ရရှိခဲ့သည်။
တမ္ဘာလုံးက ကြည့်ရှု့ခဲ့ကြသော ပြိုင်ပွဲကြီးမှာ ပြိုင်ဘက်ကို ထိုးချက်များစွာ မလွတ်တန်း ပရိသတ်အကြိုက် ထိုးပြနိုင်ခဲ့သော်လည်း ပတ်ကွီရိုကို အမှတ်ပေးဒိုင် ၃ ဦးစလုံးက ဆုံးဖြတ်ပေးလိုက်သည့် အမှတ်ကြောင့် လက်ဝှေ့ရုံတွင်းမှ ပရိသတ်များက မကျေနပ်ဘဲ အော်ဟစ်ပြောဆိုခဲ့ကြသည်။

ဒိုင် ၃ ဦး၏ အမှတ်ပေးချက်အရ ၁၁၈-၁၁၀ ၊ ၁၁၆-၁၁၂ ၊ ၁၁၆-၁၁၂ ဖြင့် မေဝယ်သာက အနိုင်ရရှိခဲ့သည်။

မန်နီပတ်ကွီရိုမှာ ဆက်တိုက်ထိုးချက် အကြိမ်ရေများပေမယ့် ပစ်မှတ်ထိချက်က မေဝယ်သာထက် လျှော့ နည်းသောကြောင့် ရူံးနှိမ့်ခြင်း ဖြစ်သည်ဟု သတင်းတွေမှာ ဖေါ်ပြထားသည်။

မန်နီပတ်ကွီရိုက ပွဲအပြီးအင်တာဗျုးတွင် မိမိ နိုင်ခဲ့သည်ဟု ယူဆမိကြောင်း ပြောခဲ့သည်။ ရွှေခါးပတ် ရရှိသည့် မေဝယ်သာကတော့လာမယ့်စက်တင်ဘာလအတွင်းမှာ နောက်တကြိမ် မန်နီပတ်ကီရိုနှင့် ယှဉ်ပြိုင် ဦးမည်ဟု ပြောဆိုခဲ့သည်။

ငြိမ်းဇော်
ဧရာဝတီ


No comments:

Post a Comment