Friday, May 15, 2015

မင်းသားကြီး ဂျွန်နီဒက်(ပ်)၏ ခွေးနှစ်ကောင် သြစတြေးလျတွင် ဆက်ထားလျှင် အသတ်ခံရလိမ့်မည်ဟု ခြိမ်းခြောက်ခံရပြီးနောက် ထိုခွေးနှစ်ကောင်ကို အခြားနိုင်ငံသို့ ပို့ဖွယ်ရှိ


ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျွန်နီဒက်(ပ်) ၏ ခွေးနှစ်ကောင်မှာ သြစတြေးလျမှနေ၍ ထွက်ခွာသွားကြဖွယ် ရှိကြောင်း သြစတြေးလျ  စိုက်ပျိုးမွေးမြူရေး ဝန်ကြီးက ပြောကြားလိုက်သည်။ ထိုခွေးနှစ်ကောင်အား  သြစတြေးလျ နိုင်ငံတွင် ဆက်လက်ထားရှိပါက ထိုခွေးနှစ်ကောင် အသတ်ခံရလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးက ခြိမ်းခြောက်ပြောကြားခဲ့ပြီးနောက် ဝန်ကြီး၏ ယခုမှတ်ချက် ထပ်မံထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ် သည်။
မင်းသားကြီး၏ ခွေးနှစ်ကောင်ဖြစ်သည့် Boo နှင့် Pistol တို့အား စနေနေ့ နောက်ဆုံးထား၍ အခြားနိုင်ငံသို့ ပို့ဆောင်ခြင်း မရှိပါက ၄င်းတို့ အသတ်ခံရလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီး Barnaby Joyce က ခြိ မ်းခြောက် ပြောကြားထားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်မှနေ၍ ထိုခွေးနှစ်ကောင်အား လျှို့ဝှက် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေနှင့် မညီညွတ်ဟု သိရသည်။

သောကြာနေ့တွင် ထိုခွေးနှစ်ကောင်အား မင်းသားကြီး၏ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးဖြင့် သြစတြေးလျနိုင်ငံ၏ ပြင်ပသို့ ပို့ဆောင်ကြဖွယ် ရှိကြောင်း နှင့် ထိုအစီအစဉ်မှာ အမြော်အမြင် အရှိဆုံး အစီအစဉ်လည်း ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနအား မစ္စတာ Joyce က ပြောခဲ့သည်။

သို့ရာတွင် ထိုခွေးနှစ်ကောင် နိုင်ငံမဲ့ ဖြစ်သွားမည်ကိုလည်း စိုးရိမ်မိကြောင်း ဝန်ကြီးက ဆိုခဲ့သည်။

“မေးရမယ့် မေးခွန်းကတော့ သူဟာ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့သလား ဆိုတာပါပဲ။ ဒါဆိုရင် သူဟာ အမေရိကန်ရဲ့ ဥပဒေတွေကိုရော လိုက်နာခဲ့ပါသလား” ဟု သြစတြေးလျ ရုပ်သံလွှင့် ကော် ပိုရေးရှင်းအား မစ္စတာ Joyce က ပြောခဲ့သည်။

“ကျွန်တော် စိုးရိမ်တာကတော့ အဲဒီခွေးနှစ်ကောင်ကို အမေရိကန်ကို ပြန်ပို့ တာ အမေရိကန်က လက်ခံပါ့ မလား ဆိုတာပါပဲ။ တကယ်လို့ လက်မခံ ဘူးဆိုရင် အဲဒီခွေးနှစ်ကောင်ကို ထားစရာ တခြား နိုင်ငံ ရှိပါ့ မလား” ဟု သူက ပြောခဲ့သည်။

REF : BBC
Mizzima - News in Burmese

No comments:

Post a Comment