Tuesday, May 12, 2015

အင်ဒိုနီးရှားရှိ မြန်မာရေလုပ်သားဒုက္ခသည်တစ်ရာကျော်ကို မြန်မာ့လေကြောင်း က အခမဲ့ခေါ်ဆောင်ပေးမည်


အင်ဒိုနီးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ရောက်ရှိနေ သော မြန်မာရေ လုပ်သားများအနက် လူတစ်ရာကျော် ကို မေလ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)က လေယာဉ်တစ်စီးဖြင့် ပြည် တွင်းသို့ အခမဲ့ပြန်လည်ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ကမ္ဘောဇ လုပ်ငန်းစုက သတင်းထုတ်ပြန် သည်။
‘‘လေယာဉ်ကတော့ ခရီး သည် ၁၈၀ ဆံ့တယ်။ အဲဒီနေ့မှာပါမယ့် လူဦးရေကတော့ တစ်ရာ ကျော်လို့ပဲ သိရသေးတယ်။ နှစ် နိုင်ငံညှိနှိုင်း မှုတွေအရ လူဦးရေ အတိအကျစာရင်းတွေကိုတော့ တကယ်သွားခေါ် မယ့်နေ့မှ သိရပါမယ်’’ဟု MAI လေကြောင်းလိုင်းမှဈေးကွက် ရှာဖွေရေး မန်နေဂျာ ဒေါ်အေးမရသာက ပြော သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဒုက္ခ သည်အဖြစ် ရောက်ရှိနေသည့် မြန်မာရေလုပ် သားဦးရေ ငါးရာကျော်ရှိကြောင်း သိရပြီး မတ်လ ၁၄ ရက်တွင် MAI လေကြောင်းလိုင်းက တာဝန်ယူ၍ ခေါ်ဆောင်မည်ဖြစ်ကာကျန် သည့် ရေလုပ်သားများအား ခေါ်ဆောင်ရာတွင် နိုင်ငံတော်က တာဝန်ယူ ခေါ်ဆောင်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

MAI လေကြောင်းလိုင်း အ နေဖြင့် ၂၀၁၃ နှင့် ၂၀၁၄ ခုနစ်တို့တွင် မလေးရှားရောက် မြန်မာလုပ်သား များ ပြည်တွင်းသို့ ပြန်လာ နိုင်စေရန် (၁၀) ကြိမ် အခမဲ့ခေါ် ဆောင်ပေးခြင်းနှင့် အိန္ဒိယနိုင်ငံတွင် ဒုက္ခ သည်အဖြစ် ရောက်ရှိ နေသော မြန်မာရေလုပ်သားများကို နှစ်ကြိမ်ပြန်လည်ခေါ်ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။


7Day Daily


No comments:

Post a Comment