Friday, May 22, 2015

လှေစီးဒုက္ခသည်အများစု မြန်မာပြည်က မဟုတ်ဟု ဒုသမ္မတ ယတိပြတ်ငြင်းဆို






နိုင်ငံတကာသတင်းတွေမှာ မြန်မာနိုင်ငံကလာတယ်လို့ စွပ်စွဲပြောဆိုနေတဲ့ ပင်လယ်ပြင်လှေ စီးဒုက္ခသည် အများစုဟာ မြန်မာပြည်ကမဟုတ်ကြောင်း    ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။

မေ ၂၁ ညနေက  နေပြည်တော်မှာ ကျင်းပတဲ့  ပင်လယ်ပြင်အတွင်း တရား မ၀င်ရွှေ့ပြောင်းသွား လာသူ များဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်း အစည်း အဝေးမှာ ပြောကြားလိုက်တာလို့ အစိုးရပြန် ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ကော်မတီခေါင်းဆောင် ဒု သမ္မတ ဦးဉာဏ်ထွန်းက   “ပင်လယ်တွင်း လှေစီးဒုက္ခသည်များ သည် မြန်မာနိုင်ငံမှလာသည်ဟု စွပ်စွဲပြောဆိုနေမှုများသည် မြန်မာ နိုင်ငံမှ နည်းပါးသည့် အရေအတွက် ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း အများစုမှာ မိမိတို့နိုင်ငံမှ မဟုတ်သည်ကို ပြတ်ပြတ်သားသား ပြောကြား လိုပါကြောင်း၊”ပြောပါတယ်။

ကပ္ပလီ ပင်လယ်နှင့် မလက္ကာရေ လက်ကြားက လှေစီးဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး  အရေးယူကိုင် တွယ် ဖြေရှင်းဖို့  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းခေါင်းဆောင်တဲ့  အရေးပေါ် စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားတာပါ။

နိုင်ငံခြားရေးဝန်ကြီး  ဦးဝဏ္ဏမောင်လွင်ကတော့  မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ ပင်လယ်လှေစီးဒုက္ခသည်တွေအနက် မြန်မာနိုင်ငံသားတွေလို့ ပြောဆိုနေ သူများတွေနဲ့ပတ်သက်ပြီး နိုင်ငံ တကာ ကောင်စစ်လုပ်ငန်းတွေနဲ့အညီ စိစစ်မယ်၊ လူမှောင်ခိုမှုနဲ့ လူကုန်ကူးမှုတွေကို ကာကွယ်တားဆီးနှိမ် နင်းဖို့  ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့  ဆွေးနွေးပွဲမှာပြောပါတယ်။

အရှေ့တောင် အာရှနိုင်ငံတွေကို သွားရောက်ရာက စက်ချို့ယွင်းပြီး မြန်မာ့ရေပိုင်နက်ကို ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိစ္စ  ပြည်ထဲရေးဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ရှင်းလင်းပြောကြား ရာမှာတော့ ၂၀၁၁ ဧပြီလ က ၂၀၁၅ ခု မေလထိ အရေးယူခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပေါင်း  ၄၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လှေစီးဒုက္ခသည်အရေးပြဿ နာဟာ အာဆီယံဒေသတွင်း ပြဿ  နာ တခုလိုဖြစ်လာနေတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် မေလ ၂၉ ရက်နေ့ မှာ အရေးပေါ်နိုင်ငံတကာ အစည်းအဝေးကျင်းပဖို့ ထိုင်းအစိုးရက စီစဉ်နေပြီး မြန်မာအစိုးရ ကလည်း တက်ရောက်မယ်လို့ အတည်ပြုပြောကြားထားပါတယ်။

DVB

No comments:

Post a Comment