Wednesday, May 13, 2015

အင်ဒိုနီးရှားသို့ လူကုန်ကူးခံရသည့် မြန်မာရေလုပ်သားခြောက်ဦး ပြန်လည်ရောက်ရှိ


အစိုးရအဖွဲ့ ပေးပို့လာသည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းသည် သတင်းမီဒီယာ အပေါ် ချုပ်ကိုင်လွှမ်းမိုးမှုများရှိနေသော ကြောင့် လွတ်လပ်သည့်ဥပဒေ ကြမ်းတစ်ခုဖြစ်စေရန် ဥပဒေကြမ်း ပါ အချက်များကိုတစ်ချက်ချင်းပြန်လည် စိစစ်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
‘‘တစ်ချက်ချင်းစီမှာ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ လို့ ပြောပေမယ့် မီဒီယာကို ချုပ်ကိုင်လွှမ်းမိုး မှုတွေ ဒီအထဲမှာရှိ နေတယ်။ အဲဒီအတွက် လွတ်လပ် တဲ့ ရုပ်သံလွှင့်ခြင်းဆိုင်ရာဖြစ် အောင် ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်တယ်’’ဟု ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက် ရေးကော်မတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်ကဆိုသည်။

ယင်းဥပဒေကြမ်းရှိ မီဒီယာများကို ထိန်းချုပ်သည့်အချက်များ နှင့် ပြစ်မှုပြစ်ဒဏ်ပိုင်းများကိုလွှတ် တော် သို့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ က ပြင်ဆင်ချက်အဆို တင်သွင်းမည်ဟု ၎င်းကပြော ကြားသည်။

ဥပဒေကြမ်းတွင် ရုပ်သံလွှင့် ခြင်းဆိုင်ရာ လုပ်ငန်းကို လက်ဝါး ကြီးအုပ်ထား သူများအား ကာကွယ်ပေးထား သည့် သဘောများ တွေ့ရသည့်အတွက် အရေးတ ကြီး ပြဋ္ဌာန်းရန်မလိုဘဲ စိစစ်မှုများ ပြုလုပ်ရမည်ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပို့သော ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် ၂၀၁၄ မတ်လက စတင်တင်သွင်း ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် အောက်တို ဘာအတွင်း က ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပြီးနောက်လက်ရှိအချိန်တွင် ပြည်သူ့လွှတ် တော်သို့ ပေးပို့လာခြင်းဖြစ် သည်။

7Day News Journal


No comments:

Post a Comment