Wednesday, May 20, 2015

ဒေါ်အောင်ဆန်းစုကြည် ပူတာအိုမြို့တွင် လူထုဟောပြောပွဲပြုလုပ်မည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်သည် ကချင်ပြည်နယ် ပူ တာအိုမြို့သို့ မေလ ၂၃ ရက်တွင် သွားရောက်ကာ လူထုဟောပြော ပွဲပြုလုပ်မည်ဖြစ်ကြောင်းသတင်း ရရှိသည်။ ‘‘၂၃ ရက်နေ့  ရောက်ပြီး ညမှာ လူမှုအဖွဲ့အစည်းဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးညစာ စားမယ်။ ပြီးတော့ ၂၄ ရက်မှာ လူထုဟောပြောပွဲလုပ်မယ်’’ဟု ကချင်ပြည်နယ် မြစ်ကြီးနားအမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ရေးမှူးဦးကျော်ကျော်ဦးက မေလ ၁၉ ရက်တွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မူလက မေလ ၁၄ ရက်တွင် မြစ်ကြီးနားမနောကွင်း၌ လူထုဟောပြော ပွဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ယင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်ရှိ မြို့အချို့ ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ အတွင်းက ကြားဖြတ်ရွေးကောက် ပွဲအတွက် မဲဆွယ်စည်းရုံးပွဲများနှင့် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

7Day News Journal


No comments:

Post a Comment