Thursday, March 12, 2015

သံလွင်မြစ်ပေါ်တည်ဆောက်မည့်ရေကာတာစီမံကိန်းများ ချက်ချင်းရပ်ဆိုင်းရန် ဒေသခံများ တောင်းဆို

မိုင်းတုံရေအားလျှပ် စစ်စီမံကိန်းပြုလုပ်ရန် ပထမဆုံး အကြိမ်လူထုတွေ့ဆုံပွဲကို တောင် ကြီးမြို့တွင်ပြုလုပ် စဉ်ဒေသခံများက မိုင်းတုံရေကာတာအပါအ၀င်သံလွင်မြစ်ပေါ်ရှိတည်ဆောက် မည့် ရေကာတာစီမံကိန်းများ ချက်ချင်းရပ်ဆိုင်းပေးရန် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိ သည်။
မိုင်းတုံမြို့နယ်တွင် တည် ဆောက်မည့်မိုင်းတုံရေကာတာ နှင့် ပတ်သက်၍ ကုမ္ပဏီများက တောင်ကြီးမြို့တွင် လူထုအကြံပြု တွေ့ဆုံပွဲကို မတ်လ ၁၀ရက်က ပြုလုပ်စဉ် မိုင်းပန်၊ မိုင်းတုံနှင့် တောင်ကြီးမြို့နယ်ဒေသခံများ၊ ကရင်ပြည်နယ်ဒေသခံများက သံ လွင်မြစ်စီမံကိန်းများရပ်တန့်ရန် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

သံလွင်မြစ်ပေါ်တွင် မြန်မာ နိုင်ငံဘက်မှ ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ပြီး ယင်းစီမံ ကိန်း များ သည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် တိုင်းပြည်နှင့်ဒေ သခံပြည်သူလူထုများအတွက်အ ကျိုးအမြတ် ခွဲဝေရာတွင်လည်းရာ ခိုင်နှုန်းနည်းပါးကြောင်း၊ ယင်း ဒေသတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် စီမံကိန်းများရပ် ဆိုင်းစေလိုကြောင်း တောင် ကြီးဒေသခံများကပြောသည်။

ထို့အပြင် မိုင်းပန်၊ မိုင်းတုံ ဒေသခံများက စီမံကိန်းပြုလုပ် မည့်နေရာသည် ၎င်းတို့ဒေသနှင့် ၃၃မိုင်သာ ကွာဝေးပြီး စီမံကိန်း ဆောက်လုပ်ပါက နောက်ဆက် တွဲဆိုးကျိုးများကို ဒေသခံများက ဦးစွာခံစားရ မည်ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင်စီမံကိန်းနှင့် ပတ်သက်သည့် အစီအစဉ်၊ သတင်းအချက်အလက်များကို ဒေသခံပြည်သူများ သိရှိခြင်း မရှိသေးကြောင်း မိုင်းတုံဒေသခံမနန်းရှိုင်းနင်းက ပြောသည်။

မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းသည် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ရေအားလျှပ် စစ်စီမံကိန်းများ အနက် အကြီးဆုံး ဖြစ်လာမည်ဖြစ်ပြီး လျှပ်စစ်ဓာတ် အား ၇,၀၀၀မဂ္ဂါဝပ်ထွက်ရှိမည် ဖြစ်သည်။ ယင်းစီမံ ကိန်း ကို တရုတ်နိုင်ငံမှ ကုမ္ပဏီသုံးခု၊ ထိုင်း ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံသားပိုင် IGEကုမ္ပဏီတို့ပါဝင် တည် ဆောက်မည်ဖြစ်ပြီး စီမံကိန်းမစ တင်မီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာသက်ရောက်မှုလေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို သြစ တြေးလျအခြေစိုက် SMECကုမ္ပ ဏီက ပြုလုပ်မည်ဖြစ်သည်။

‘‘မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းနဲ့ပတ်သက်ပြီး လေ့လာတွေ့ ရှိချက်တွေကိုအမှန်အတိုင်းဝန် ကြီးဌာနတွေ ကိုတင်ပြပြီး ပြည်သူ လူထုကိုလည်းချပြသွားမှာပါ။ဒီ နေ့ လူထုတွေ့ဆုံပွဲက ရတဲ့အချက်အလက်တွေကို လည်း စစ် တမ်းထဲမှာဖော်ပြသွားမှာပါ’’ဟု SMECကုမ္ပဏီမှ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအတိုင်ပင်ခံ ဦးဘ သန်းကပြောသည်။

အဆိုပါလူထုတွေ့ဆုံပွဲကို တောင်ကြီးမြို့အပြင် စီမံကိန်းနှင့် နီးစပ်သည့် ဒေသများတွင်ပါထပ် မံပြုလုပ်သွား မည်ဟုဆိုသည်။

သံလွင်မြစ်စီမံကိန်းများကို မိုင်းပန်၊ မိုင်းတုံဒေသခံများနှင့် တောင်ကြီးနှင့် ကရင်ဒေသခံများ က ဆန့်ကျင်ကန့် ကွက်ခဲ့သည့်အ ပြင် ၎င်းတို့၏တောင်းဆိုချက်များ ကို စီမံကိန်းပြုလုပ်မည့်ကုမ္ပဏီ များနှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်း ကျင်စစ်တမ်းကောက်ယူလေ့လာ မည့် SMECကုမ္ပဏီသို့ ပေးပို့ခဲ့ ကြောင်းသိရသည်။

ရေကာတာစီမံကိန်းများ ရပ်ဆိုင်းပေးရန် ကန့်ကွက်ဆန္ဒဖော်ထုတ်စဉ်
7Day Daily

No comments:

Post a Comment