Monday, March 23, 2015

ပရိသတ်တောင်းဆိုရင် သီချင်းဆိုပြချင်တဲ့ ခင်ဝင့်ဝါ


အလှမယ်အဖြစ်မှ အနုပညာလမ်းကြောင်းသို့ ရောက်ရှိ လာသည့် သရုပ်ဆောင် ခင်ဝင့်ဝါ က ပရိသတ် များတောင်းဆိုလာပါက သီချင်းဆိုပြီး ဖျော်ဖြေချင်သည်ဟု ပြောသည်။ ‘‘ပရိသတ်ကြီးက ညီမအသံကို နားထောင်ချင်တယ်ဆိုရင် တော့ သီချင်းဆိုချင်ပါတယ်။ အဲဒါကလည်း ပရိသတ်တောင်းဆိုမှပါ’’ဟု သရုပ်ဆောင်ခင်ဝင့်ဝါက ပြောသည်။
ခင်ဝင့်ဝါသရုပ်ဆောင်ရာတွင် အသံနှင့်ပတ်သက်၍ ပရိသတ်အချို့က ဝေဖန်မှုများရှိ သော်လည်း ထိုအသံ မှာ မွေးကတည်းက အသံဖြစ်၍ ပရိသတ်များကို အားနာမိကြောင်း ခင်ဝင့်ဝါ ကပြောသည်။

ခင်ဝင့်ဝါက သင်္ကြန်ကာလသည် ၎င်းအတွက် သာမန်လများကဲ့သို့ ထူးခြားမှုမရှိဘဲ  နေအိမ်၌ပင်အနား ယူသွားမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် ရေစက်ဗီဒီယို ဒရာမာဇာတ်ကားကို သရုပ် ဆောင်ကောင်းပြည့်နှင့် အတူ ရိုက်ကူးနေပြီး ယင်းဇာတ်ကားထဲ၌ တောမှ  မြို့သို့  တက်လာသည့်ကောင်မလေးတစ်ဦးအဖြစ်သရုပ်ဆောင်ထားကြောင်း သိရ သည်။

7Day News Journal

No comments:

Post a Comment