Friday, March 06, 2015

မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖမ်းဆီးခံရသူ ၈ ဦး ပြန်လည်လွတ်မြောက်



ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စွမ်းအားရှင်နှင့် ရဲတပ်ဖွဲ့ များ၏ အကြမ်းဖ က်ဖြိုခွင်း ရိုက်နှက်ဖမ်းဆီးထိန်း သိမ်းခံရသူ ၈ ဦး ဒီကနေ့မနက်က ပြန်လည် လွတ်မြောက်လာပါတယ်။ပြန်လွတ်လာသူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းက ဒေါ်နီလာသိန်း၊ ဒေါ်နုနုအောင်နဲ့ ဦးမျိုးသန့်တို့ ၃ ဦး နဲ့ ကျောင်းသား ၅ ဦး ပါဝင်ပါတယ်။
ပြန်လွတ်လာတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖိုးသားက “ဖမ်းဆီးခံရတော့ ကျနော်တို့ကို ဒိုင်နာကား နဲ့ခေါ်သွားတယ်။ ဘယ်ခေါ်လို့ခေါ်သွားမှန်းလည်း မသိဘူး။ နောက်ဆုံးတော့ ရန်ကင်းက ဆည်မြောင် ၀န်ကြီးဌာန ရုံးဟောင်းကို ရောက်သွားတယ်။ အဲဒီမှာ ကိုယ်ရေးမှတ်တမ်းတွေယူတယ်။

ည ၁၀ နာရီ လောက်ထိ စစ်ကြောရေးလုပ်တယ်။ ရိုက်တာနှက်တာတော့မရှိဘူး။ မေးတာပဲရှိတယ်။ မနက်  ၆ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးတယ်။ ပုဒ်မ ၁၈ နဲ့ တော့ စွဲထားတယ်ပြောတယ်။ ခံဝန်နဲ့တော့ မဟုတ်
ဘူး။ ဒီအတိုင်းပြန် လွှတ်လိုက်တယ်၊ ဒါပေမယ့် တရားရုံးတွေဘာတွေ သွားရမယ်၊ လိုအပ်ရင် ပြန်ခေါ်မယ် လိုအပ်ရင်သွားရမယ်ပြောတယ်။’

ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းကကျောင်းသားတွေ လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံထား
ရမှုကို  ကန့်ကွက်တဲ့ အနေနဲ့  မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေစဉ် မနေ့ညနေက ရဲတပ်ဖွဲ့က လက်ပတ် အနီရောင်တပ်ထားတဲ့ အရပ်ဝတ်လူတစ်စုကို အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင်တွေက  ဖြိုခွင်းဖမ်းဆီးလိုက်တာဖြစ် ပါတယ်။

အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးဟာ ဒီနေ့ မနက် ၁၁ နာရီ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့ အ စည်း) ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

DVB

No comments:

Post a Comment