Tuesday, March 10, 2015

အစိုးရတွင် ဥပဒေနှစ်ခုရှိသလားဟု အလုပ်သမားများမေးခွန်းထုတ်


မတ်လ(၈)ရက်နေ့ ညနေ (၄)နာရီ ၀န်းကျင်တွင် ရန်ကုန်မြို့မဟာဗန္ဓုလ ပန်း ခြံအတွင်း၌ သပိတ်စခန်းအား အကြမ်း ဖက်ဖြိုခွဲခံထားရသော ရွှေပြည်သာ စုပေါင်းအလုပ်သမားများက ဖမ်းဆီးခံ ထားရသည့် အလုပ်သ မားများပြန်လည် လွှတ်ပေးရန်နှင့် အခြားအချက်(၆)ချက် ပါဝင်သည့် ကြေညာချက်ကို ထုတ်ပြန် ခဲ့သည်။
ငြိမ်းချမ်းစွာချီတက်လာသော အလုပ်သမားများအား တညင်းကုန်းလမ်း ဆုံအနီးတွင် ““တာဝန်””စာသားပါ လက် ပတ်အနီဝတ်များမှ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်းသည် အစိုးရ၏ သဘော ထားကိုပြသ ရာရောက်ကြောင်း ၊ ဆူးလေ  စေတီအနီးတွင် ကျောင်းသားများနှင့် အရပ်သားများအား စွမ်းအား ရှင်များက အကြမ်းဖက်ခြင်းကို ၀မ်းနည်းပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်ချင်း တူသော်လည်း အလုပ်သမားများကို တရားစွဲဆိုခဲ့သော ကြောင့်  အစိုးရတွင်  ဥပဒေနှစ်ခုလုပ် ထုံးလုပ်နည်းနှစ်ခုရှိပါသလားဟု မေးခွန်း ထုတ် ပါကြောင်း ၊ ရွှေပြည်သာစုပေါင်း သပိတ်အလုပ်သမားများ၏ တောင်းဆိုချက်ကို အမြန်ဆုံးညှိနှိုင်းဖြေ ရှင်းပေးရန် နှင့် အစိုးရမှ စွမ်းအားရှင်လူမိုက်များအား အသုံးပြု၍ အလုပ်သမားများကိုအကြမ်း ဖက်ခြင်းအား တရားခံဖော်ထုတ်ပေး ရန် နှင့် တောင်းဆိုချက်များကို ဆောင် ရွက်ပေးခြင်းမရှိပါက ကျောင်းသား၊ လယ်သ မား၊ အရပ်ဘက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ အကြမ်းဖက်မှုကို တုံ့ ပြန်သွားမည်ဖြစ်ကြောင်း ရွှေပြည် သာစု ပေါင်းအလုပ်သမားများ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင်လုပ်ခလစာနည်းပါးသောကြောင့် ရွှေ ပြည်သာ မှ မြို့တော်ခန်းမအထိ လမ်း လျှောက်ချီတက်နေသည့် အလုပ်သမား များအား တညင်းကုန်းလမ်းဆုံအရောက် တွင် ရဲတပ်ဖွဲ့မှ အင်အားသုံးဖြို ခွဲခဲ့သည် ဟု သိရသည်။

““ဒီအစိုးရဘာလဲဆိုတာ အခုဖြစ် ခဲ့တဲ့ အလုပ်သမားသပိတ်အကြမ်းဖက် ခံရမှုနဲ့ ရန်ကုန်ဆူးလေကျောင်း သား ဆန်္ဒပြပွဲအကြမ်းဖက်မှုတွေကို ကြည့်ရင် သိသင့်တယ်။

အလုပ်သမားကို အကြမ်း ဖက်ခြင်းဟာ ကျောင်းသားထုကို သွယ် ၀ိုက်သောအားဖြင့် အကြမ်းဖက်ခြင်းဖြစ် တယ်””ဟု ဒဂုံတက္က သိုလ်ကျောင်းသား သမဂ်္ဂမှ ကျောင်းသားတစ်ဦးကဆိုသည်။

အလုပ်သမားတစ်ဦးကလည်း““ကျွန်မတို့က အလုပ်သမားတွေကို အကြမ်း ဖက်ဖြိုခွင်းသွားတာကို တရား ဥပဒေအရ အရေးမယူပေးဘူးဆိုရင် ကျောင်းသား တွေရယ်၊ လယ်သမားတွေရယ်၊ လူထု အဖွဲ့အစည်းတွေ နဲ့ပူးပေါင်း သွားမှာပါ””ဟု ပြောကြားသည်။

Hot News Journal

No comments:

Post a Comment