Monday, March 02, 2015

ဖိအားတွေကြောင့် ဇာတ်ကားအရည်အသွေးထိခိုက်မှာ စိုးရိမ်နေတဲ့ ပက်ထရစ်ရှာ


 
ပထမဆုံးရုပ်ရှင်ဇာတ် ကားကြီးတွင် ၀ါရင့်သရုပ်ဆောင် များနှင့် သရုပ်ဆောင်ရသဖြင့် ဖိ အားများသကဲ့သို့ ကိုယ့်သရုပ်ဆောင်မှုကြောင့် ဇာတ်ကားတစ် ကားလုံး ထိခိုက်မည်ကို စိုးရိမ်မိသည်ဟု ပက်ထရစ်ရှာက ပြော သည်။
ပက်ထရစ်ရှာသည် ၎င်း၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး အဖြစ် ပြေတီဦး၊ မြင့်မြတ်၊ လိုင် လာခန်းတို့နှင့် အတူ ဒါရိုက်တာ မောင်မျိုးမင်းရိုက်ကူးသည့် ရာဇ ၀င်ရိုင်းသူများဇာတ်ကားတွင် အဓိကဇာတ်ဆောင်တစ်ဦး အနေ ဖြင့် ပါဝင်ရိုက်ကူးလျက်ရှိသည်။

‘‘ကိုယ့်ကိုယ့်ကိုယ်တော့ အားရကျေနပ်မှုမရှိသေးဘူး။ ဒါ ပေမဲ့ ဦးမျိုးက ကိုယ်ရိုက်လိုက် တဲ့ အခန်းလေးကို သမီးကောင်း တယ်ဆိုရင် အရမ်းပျော်တယ်’’ဟု ပက်ထရစ်ရှာကပြောသည်။

မော်ဒယ်ဘက်မှ သရုပ် ဆောင်ဘက်သို့ ကူးပြောင်းခြင်း ဖြစ်၍ သရုပ်ဆောင်ပိုင်းသည် ၎င်းအတွက် အခက်အခဲများရှိသည် ဟု ဆိုသည်။

သရုပ်ဆောင်အနေဖြင့် ဗီဒီ ယိုဇာတ်ကားလေးကား ရိုက်ကူး ထားပြီး ဟိန်းဝေယံ၊ အောင်ရဲ လင်းတို့နှင့် ဇာတ်ကားများရိုက် ကူးရန် လက်ခံထားကြောင်း ပက် ထရစ်ရှာကပြောသည်။

‘‘မော်ဒယ်အလုပ်ကလည်း ပရိသတ်တွေ ကိုယ့်ကိုသိစေတဲ့ အလုပ်ဆိုတော့ ကားတွေ ဆက် တိုက်ရိုက်နေ ရပေမယ့် အချိန်ရ ရင် ရသလို လုပ်သွားမှာပါ။ 
 
ငယ် ငယ်ကတည်းက မင်းသမီးကို ၀ါ သနာပါပေမယ့် မော်ဒယ်ဘက် ရော၊ သရုပ်ဆောင်ဘက်ရော နှစ်ခု မျှလုပ်သွားမှာပါ’’ဟု ပက်ထရစ်ရှာကပြောသည်။


7Day News Journal

No comments:

Post a Comment