Monday, March 23, 2015

ညှိနှိုင်းရန် အနည်းငယ်ကျန်နေ၍ အပစ်ရပ်ဆွေးနွေးပွဲ မတ်လ၃၀ရက်သို့ ရွှေ့ဆိုင်း


ကြားကာလအစီအစဉ် နှင့် စကားလုံးအသုံးအနှုန်းအချို့ ညှိနှိုင်းရန် ကျန်ရှိနေခြင်းကြောင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေးဆွေးနွေးပွဲကို မတ်လ ၃၀ရက်တွင် ပြန်လည်ဆွေးနွေးရန် ရက် ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဆဋ္ဌမနေ့ တွင်သဘော တူညီချက်စာချုပ်(မူကြမ်း)ပါ အခန်း ခုနစ် ခန်းစလုံးဆွေးနွေးနိုင်ခဲ့ သည်။ သို့သော် အခန်း(၆) ကြား ကာလအစီအစဉ်မှ တပ်များရပ် တည်ရေးနှင့် ပတ်သက်၍ အချက် တစ်ချက်ညှိနှိုင်းဆွေးနွေးရန်ကျန် ရှိနေသည်။ ထို့အပြင် အခန်း (၃)ခန်းနှင့် ငါးမှ အပိုဒ်ငယ်သုံးခုတွင်ပါဝင်သည့် စကားလုံးအသုံးအနှုန်းများနှင့် စပ်လျဉ်း၍နှစ်ဖက်ညှိနှိုင်းရန် ကျန်ရှိနေခြင်းဖြစ်သည်။

ကြားကာလတပ်များရပ် တည်ရေးနှင့်ပတ်သက်၍ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်လိုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်ရှိပုံစံအတိုင်းတပ်များတည်ရှိရေးကို ဆန္ဒရှိနေခြင်းဖြစ်သည်။

စကားလုံးအသုံးအနှုန်းတွင် လည်းအခန်း(၅)နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမှ‘‘တိုင်းရင်းသားကိုယ် စားလှယ် များ’’ဆိုသည့် အသုံးအ နှုန်းအပါအ၀င်ဝေါဟာရ သုံးခု ညှိနှိုင်းရန် ကျန်ရှိနေသည်။

‘‘နှစ်ဖက်သဘောတူတဲ့ အဓိ ပ္ပာယ်ဖော်ဖို့ကို ကျွန်တော်တို့ ၃၀ ရက်နေ့မှာ ညှိနှိုင်းရမှာဖြစ်တယ်’’ ဟု မြန် မာ့ငြိမ်းချမ်းရေးနှင့် ပြန် လည်ထူထောင်ရေးဗဟိုဌာန(MP C)အကြီးတန်းအကြံပေးဦးလှ မောင်ရွှေကပြော သည်။

‘‘ဆိုလိုတာက ဒါက မူသ ဘောထားတွေ ကွာနေတာမ ဟုတ်ဘူး။ ဆွေးနွေးတာမဟုတ် ဘူး။ အဲဒီနေ့မှာ တစ်ဖက်ဖက်က အဆိုတင်လိုက်လို့ သဘောတူရင် ဒါပြီးတာပေါ့။ ဒါစကားလုံးရွေး ချယ်မှုလို့ သုံးတဲ့ သဘောပါ’’ တစ်နိုင်ငံလုံးအပစ်ရပ်ဆွေး နွေးပွဲကို တစ်ပတ်ခန့်ခေတ္တရပ်နား ပြီး ပြုလုပ်ရခြင်းမှာသဘော တူညီ ချက်စာချုပ်(မူကြမ်း)ကို အချောသပ်နိုင်ရန်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပြောရေး ဆိုခွင့်ရှိသူများကပြောသည်။

‘‘နောက်ဆုံးအဆုံးသတ်နိုင် ဖို့အတွက် ရပ်ဆိုင်းလိုက်တဲ့ သ ဘောပဲဖြစ်ပါတယ်’’ဟု တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)မှ ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

အစိုးရနှင့် NCCTတို့ ဆွေး နွေးနေသောအပစ်ရပ်စာချုပ်(မူ ကြမ်း)တွင် အခန်း ခုနစ်ခန်း၊ အပိုဒ် ၃၀နှင့် အပိုဒ်ခွဲ ၈၁ခုပါဝင်သည်။ လက်ရှိအချိန်တွင် ဆွေးနွေးရန်အ ဓိကအချက်အဖြစ်ကြားကာလ တပ်များရပ် တည်ရေးအချက် ကျန်ရှိနေပြီး စကားလုံးအသုံးအ နှုန်း သုံးခု ညှိနှိုင်းရန်လည်းကျန်ရှိ နေသည်။

ယင်းအချက်များကို မတ်လ ၃၀ရက်တွင်ပြန်လည် ဆွေးနွေး ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment