Friday, February 13, 2015

ဗိုလ်ချုပ်ပန်းခြံ ဖွင့်ပွဲအခမ်းအနား ကျောက်ဆည်မြို့တွင် ကျင်းပ










ဗိုလ်ချုပ်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို ကျောက်ဆည်မြို့ ကြက်မင်းတွန် ရပ်ကွက်မှာ ဒီနေ့မနက်က ကျင်းပခဲ့ပါ တယ်။

မူလက ဗိုလ်ချုပ်ပန်းခြံကို နှစ်ပေါင်း ၃ဝ ကျော်ကြာ စည်ပင်သာယာရေးပန်းခြံ လို့ ပြောင်းလဲခေါ်ဝေါ်ရာကနေ ဗိုလ်ချုပ်ပန်းခြံအဖြစ် အခုလိုပြန်လည် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ညနေမှာ လာရောက်ဖွင့်လှစ်ပေးမှာဖြစ် တယ်လို့သိရပါတယ်။

RFA

No comments:

Post a Comment