Friday, February 13, 2015

သမိုင်းဝင်ပင်လုံကျောက်တိုင်၌ ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်ရာပြည့် အထိမ်း အမှတ်ပွဲ စည်ကားစွာကျင်းပ


ရှမ်းပြည် နယ်(တောင်ပိုင်း) ပင်လုံမြို့ ပြည်ထောင် စုကျောက်တိုင်ကွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ် ရာပြည့် အထိမ်း အမှတ်နှင့်(၆၈)နှစ်မြောက် ပြည် ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ရက်နှင့် ၁၃ရက်တို့၌ ကျင်းပ ရာ မြန်မာပြည်တစ်ဝန်းမှ တိုင်းရင်း သားပြည်သူ ၁၀၀ဝကျော် တက်ရောက်ခဲ့ကြပြီး အထူးစည်ကားစွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့သည် လွတ်လပ်ရေး အတွက် ပြည်မနှင့်တောင်တန်းအတူ ပူးတွဲ လက်မှတ်ထိုးခဲ့သော သမိုင်း ဝင်မြို့တစ်မြို့ဖြစ်သည်။ ယခုကျင်းပသည့် အခမ်းအနားအား NLD ပါ တီ(ဗဟို)မှ ဦးဆောင်ကျင်းပခြင်းဖြစ် ကာ တိုင်းရင်းသားပါတီများက ပူး ပေါင်းပါဝင်ခဲ့ကြသည်။

အဆိုပါ အထိမ်းအမှတ်နှင့်ပြည် ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသား ပေါင်းစုံအကအဖွဲ့ ၁ဝဖွဲ့နှင့် အနုပညာရှင်ညီအစ်ကိုမောင်နှမများက တက်ရောက်လာကြသူများအား ဖျော်ဖြေတင်ဆက်ကပြခဲ့ကြသည်။

''ပြည်ထောင်စုနေ့ကို ပင်လုံမှာ လာကျင်းပတယ်၊ တိုင်းရင်းသားပါတီ ပေါင်းစုံကိုဖိတ်ခေါ်ပြီးတော့ သူတို့ ရင်ထဲမှာရှိတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့ပတ်သက်တဲ့ သဘောထား တွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပြန် လည်ရင်ကြားစေ့ရေးစတဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်းဆွေး နွေးမယ်၊ ပြီးရင်သဘောတူညီ ချက်၊ ကြေညာချက် တစ်ရပ်ကိုထုတ်ပြန်မယ်၊ အဲဒါကို ရည်ရွယ်ပြီးတော့ ပြည်ထောင် စုနေ့ရဲ့အနှစ်သာရတွေ ကိုလည်း ဖော် ဆောင်မယ့် တိုင်းရင်းသားပါတီ ၂၀ လောက်ကိုလဲ ဖိတ်ထားပါတယ်၊ (၆၈) ကြိမ်မြောက် ကျင်းပလာသော ဒီနှစ် ကျင်းပတဲ့ပွဲက ဒုတိယပင်လုံလို့တောင် ပြောလို့ရတယ်''ဟု NLD ပါတီ(ဗဟို) လူငယ် တွဲဖက်တာဝန်ခံ ဒေါက်တာဝေဖြိုးအောင်က ပြောသည်။

NHY
‪#‎Democracytoday‬

No comments:

Post a Comment