Monday, February 09, 2015

ဝန်ကြီးချုပ်ဟောင်းယင်လပ်ရှင်နာဝပ် နိုင်ငံခြားခရီးသွားခွင့် ထိုင်းအစိုးရပိတ်ပင်

ယခုလနှောင်းပိုင်းတွင် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များ ရင်ဆိုင်ရေး နိုင်ငံအတွင်းရှိ နေရေး သေချာစေရန် ဝန်ကြီးချုပ် ဟောင်း ယင်လပ်ရှင်နာဝပ်၏ နိုင်ငံခြားခရီးသွားရေး ခွင့်ပြုခြင်းကို ထိုင်းအစိုးရက ငြင်းပယ်လိုက် သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုင်းစစ်ဘက်သည် ပြီးခဲ့ သည့် မေလက အစိုးရအာဏာကို သိမ်းယူလိုက်ပြီး မစ္စစ်ယင်လပ်၏ အစိုးရအား ချည့်နဲ့သွားစေသော ဘန်ကောက်မြို့ လမ်းမများပေါ်တွင် လပေါင်းများစွာ ဆန္ဒပြမှုများကို အဆုံးသတ်စေခဲ့ သည်။

ထိုင်းအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မစ္စစ် ယင်လပ် နိုင်ငံရေးတွင် ငါးနှစ်ကြာ မပါဝင်ရန် ပိတ်ပင်ခဲ့သည်။

ထို့အပြင် အစိုးရအား ကန် ဒေါ်လာ ဘီလီယံများစွာ ကုန်ကျ စေသော နိုင်ငံတော် ဆန်စပါးဝယ်ယူရေး အစီအစဉ်တွင် ပါဝင်ပတ်သက်မှုအတွက် ရာဇဝတ်မှုစွဲချက်များဖြင့် တရားစွဲဆိုထားသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ရှေ့နေချုပ်က တရားရုံးချုပ်၌ ဆင့်ခေါ်စာတစ်ရပ် တင်သွင်းမည် ဖြစ်ရာ ယင်းနေ့ တွင် မစ္စစ် ယင်လပ် တက်ရောက်ရန် အလိုရှိ သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဆွန်ဆန်ကေကွန်နတ် က ပြောသည်။

နိုင်ငံရပ်ခြားသို့ ဖေဖော်ဝါရီ ၈ ရက်မှ ၂၂ ရက်အထိ အလည်အပတ်ခရီးသွားရန်မစ္စစ်ယင်လပ်က တောင်းဆို ခဲ့သည်။

7day


No comments:

Post a Comment