Thursday, January 22, 2015

တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ရပ်ဆိုင်းသွားပြီဟုဆို


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မကြာမီ ရက်ပိုင်းအတွင်းက တပ်မတော် နှင့် KIA ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲ များမှာ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးကပြောကြား လိုက်သည်။
''တပ်မတော်နှင့ှ်ုဗ ကြားတိုက်ပွဲများရပ်ဆိုင်းသွားတာ မှန်ပါ တယ်။ အခုဆိုရင် တိုက်ပွဲကြောင့် ပိတ်မိနေခဲ့တဲ့ လမ်းကြောင်းတွေလဲ ပြန်လည်ပွင့်လင်း သွားပြီဖြစ်တဲ့အ တွက် ဒေသခံတွေဟာ ပုံမှန်အတိုင်း သွားလာလှုပ် ရှားမှုတွေ စတင်လုပ် ဆောင်နေကြပါပြီ''ဟု ယင်းကဒီမို ကရေစီတူဒေးသတင်းစာသို့ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး China.org တွင် မကြာမီရက်ပိုင်းအ တွင်း ကချင်ပြည်နယ် ဖားကန့်မြို့ နယ် အနီး ဖြစ်ပွားခဲ့သည့် မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ကြား ဖြစ်ပေါ်ခဲ့ သည့် တိုက်ပွဲများသည်အဆုံး သတ်သွားပြီဖြစ်ကြောင်း အရာရှိများ က ပြောကြားခဲ့သည်ဟု ဖော်ပြ ထား ကြောင်း သိရသည်။

''ကျွန်တော်တို့ကတော့ အားလုံးကိုတော့ လက်လှမ်းမမီပါဘူး။ သေချာတာ ကတော့ ဒီနေ့တစ်နေ့လုံး တိုက်ပွဲဖြစ်စဉ် လုံးဝမရှိခဲ့ပါဘူး။ မွန်းလွဲ ၁၂နာရီ ခွဲလောက်က ဖားကန့် မြို့နယ် ဆိတ်မူမြို့မှာရှိတဲ့ စရဖရုံးကို ဆိုင်ကယ်စီးလာတဲ့ အမည်မသိ လူတစ်ဦးက လက်ပစ်ဗုံးနဲ့ပစ်ခတ်သွားတဲ့ ဖြစ်စဉ်တစ်ခုတော့ ဖြစ် သွားပါ တယ်။

''ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။ တပ်မတော်အနေနဲ့လဲ ယခုဆိုရင် အောင် ဘာလေနဲ့ ကန်စီ ကမ်းရွာက စစ်ရှောင်မိသားစုတွေကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှု နဲ့ ဆန်ဆီစားသောက်ကုန်နဲ့ လိုအပ်တဲ့ အသုံး အဆောင်တွေ ကို ထောက်ပံ့ပေးဖို့ သွားရောက်နေကြပါပြီ''ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးကပြောသည်။

တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ယာယီတဲများထံ ရွှေ့ပြောင်းနေခဲ့ရသော အောင် ဘာလေနှင့်ကန်စီကမ်း ရွာနှစ်ခုမှ ဒေသခံ ၁၀၀ဝခန့်သည်လည်း လက်ရှိအချိန်တွင် ၎င်းတို့ ကျေးရွာများရှိ နေအိမ်များသို့ ပြန် လာနေ ကြပြီဖြစ်သည်။

သတင်း များအရ ထိုဒေသခံကျေးရွာသားများကို မြန်မာအစိုးရတပ်ဖွဲ့များက တိုက်ခိုက်မှုများမှ ရှောင်ပေးကြ ရန် အကြောင်းကြားစဉ် ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အစိုးရဘက်မှ ပြော ကြားမှုအရ ရွှေ့ပြောင်းနေရသော ကျေးရွာသားများကို တိုက်ပွဲတစ်လျှောက် အစားအစာ
များနှင့် လို အပ်သောဆေးဝါးများဖြင့် စောင့် ရှောက်ပေးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့သော KIA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲတွင် မြန်မာအစိုးရဘက် မှစစ်သားများ ထိခိုက်ကျဆုံးမှုရှိခဲ့ သည်ဟု China.org တွင် ဖော်ပြချက်အရ သိရသည်။

SMT
‪#‎Democracytoday‬

No comments:

Post a Comment