Tuesday, January 13, 2015

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ကြိုတင် စည်းကမ်းမသတ်မှတ်ဘဲ ဆွေးနွေး မည်ဟု တောင်ကိုရီးယား သမ္မတကပြော


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အန်းနှင့် ထိပ်သီးဆွေးနွေး ရန် တံခါးဖွင့် ထားကြောင်း၊ ဤသို့ဆွေးနွေးရာ၌ ကြိုတင်စည်း ကမ်းသတ်မှတ်ချက်မထားဟု ပြောကြား လိုက်ကြောင်း ရိုက်တာသတင်း ကဖော်ပြခဲ့သည်။
ဆွေးနွေးပွဲ၌ မြောက်ကိုရီးယား ၏နျူကလီးယား အစီအစဉ်အဆုံး သတ်ရေးမှာ အရေးကြီးကြောင်း၊ ကိုရီးယား ကျွန်းဆွယ်ငြိမ်း ချမ်းရေးအ တွက်ဖြစ်ကြောင်း၊ သို့ရာတွင် ထိပ်သီး ဆွေးနွေးပွဲအတွက် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မလိုကြောင်း ရုပ် မြင် သံကြားသတင်းစာရှင်းလင်းပွဲ၌ ပတ်က ပြောကြား လိုက်ခြင်းဖြစ် သည်။

ဇန်နဝါရီ ၁ ရက်က မြောက်ကိုရီး ယားခေါင်းဆောင် ကင်ကလည်း တောင်ကို ရီးယားနှင့် အဆင့်မြင့်ထိပ်သီး မဆွေးနွေးရန် အကြောင်းမရှိ ကြောင်း ပြောကြား ခဲ့သည်။

Ref : Reuters, Straits Times
#Democracytoday

No comments:

Post a Comment