Tuesday, January 27, 2015

ဝန်ကြီး ဦးအောင်မင်းက ကျောင်းသား ကိုယ်စားလှယ် တစ်ဦးနှင့် တွေ့ရန် ကမ်းလှမ်း

တောင်သာမြို့သို့ ရောက်ရှိကာ ပိတ်ဆို့ခံထားရသည့် ကျောင်းသား သပိတ် စစ်ကြောင်းမှ ကိုယ်စားလှယ် တစ်ဦးကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က တွေ့ဆုံရန် လမ်းလှမ်းကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်းက လာရောက်ညှိနှိုင်းသည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲမှ ပြန်ကြားရေး တာဝန်ခံ ရဲရင့်ကျော်က မဇ္ဈိမကို ပြောသည်။
သို့သော် ကျောင်းသားများကမူ တောင်သာမြို့ နန်းမြင့်ရွာလမ်းခွဲ တံတားထိပ်တွင် ပိတ်ဆို့တားဆီးထားသည့် ရဲဝန်ထမ်းများကို ဖယ်ရှားပေးမှသာ တွေ့ဆုံရန် ကမ်းလှမ်းမှုကို လက်ခံမည်ဟု ပြန်လည် အကြောင်းပြန် လိုက်သည်။

ထို့ပြင် ကျောင်းသား သပိတ်စစ်ကြောင်းအား လုံခြုံရေး ရဲများက ဆက်လက် ပိတ်ဆို့ထားမည်ဆိုပါက ထိပ်တိုက်တွေ့ဆုံသည့် နေရာ၌ပင် ထိုင်သပိတ် ဆင်နွဲရန် အကြမ်းဖျင်း စဉ်းစားထားသည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှုအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲရင့်ကျော် က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် တောင်သာမြို့အဝင် နန်းမြင့်ရွာ လမ်းခွဲ တံတားထိပ်တွင် တားဆီးပိတ်ဆို့ထားသည့် ရဲအင်အား ၂၅၀ နှင့် မီးသတ်ကားများ၊ ရဲကားများ၊ လူနာတင်ယာဉ်များ တားဆီးချထားသည့် ပထမစီးကို ကျော်လွှားပြီး ဆက်လက်ချီတက်ရန် ကျောင်းသားများကပြင်ဆင်နေသည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment