Thursday, January 15, 2015

နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ်တွင် နှစ်၁ဝဝပြည့် ကျောက်စာတိုင် စိုက်ထူရန် ခွင့်ပြုချက်မရသေးဟုဆို


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဗိုလ်ချုပ်နေအိမ် (ယခု ဗိုလ်ချုပ်နေ အိမ်ပြတိုက်)တွင် ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် ကျောက်စာတိုင် စိုက်ထူနိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဒီဇင်ဘာလအတွင်း ခွင့်ပြုချက်တင် ထားပြီး ယနေ့အချိန်အထိ ခွင့်ပြုချက်မရသေးကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။
''ဗိုလ်ချုပ်နေအိမ်ပြတိုက်မှာ ကျောက်စာတိုင် စိုက်ထူခွင့်ရ အောင် ယဉ်ကျေးမှု ဝန်ကြီးဌာနကို တင်ထားဆဲ ခွင့်ပြုချက်တောင်း ထားတာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှမရရင် ဗိုလ်ချုပ်ငယ်ငယ်တုန်းက စာသင်ခဲ့ တဲ့ကျောင်းဝင်း အခု ဒီပင်္ကရာစာသင်တိုက်မှာ စိုက်ထူသွားဖို့ ရှိပါတယ်။

အချိန်မီ ခွင့်ပြုချက်ရရင် နေ အိမ်မှာ စိုက် ထူချင်ပါတယ်''ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ နှစ် ၁ဝဝ ပြည့် မွေးနေ့ကျင်းပရေးကော် မတီဥက္ကဋ္ဌ ဦးဟန် ဇော်က ပြောသည်။

ကျောက်တိုင် စိုက်ထူခွင့်ရရန် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး အား တရားဝင်စာတင် ထားကြောင်းနှင့် ရှေ့ဆက်၍ ခွင့်ပြုချက်ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ကျောက်တိုင်စိုက်ထူဖို့ ဒီဇင်ဘာ ၃ ရက်က ပြည်ထောင်စု ဝန်ကြီးဆီ တိုက်ရိုက်ရေးတင်ထား တာပါ။ ဒီနေ့အထိ ခွင့်ပြုချက်မရသေး ပါဘူး။ ကျောက်တိုင်ထူဖို့နေရာ အတိအ ကျ မရသေးပါဘူး။ လာမယ့် အပတ်မှာ လူကိုယ်တိုင် ထပ်မံတင်ပြ ဖို့ရှိပါတယ်''ဟု ကျင်းပရေးကော်မတီ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ ဝင် ဦးသန်းက ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့်မွေးနေ့အတွက် ကောက်ခံရရှိငွေ သိန်း ၄ဝဝ၊ ၅ဝဝ ခန့် ရရှိနေပြီး ဆွမ်းလောင်းပွဲ၊ တရားပွဲ၊ စာတမ်းဖတ်ပွဲ၊ ဖျော်ဖြေရေး ပွဲများ ကျင်းပမည်ဖြစ်ပြီး ဗိုလ်ချုပ်၏သမီးဖြစ် သူ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ရေးဆွဲထား သော ပန်းချီကားနှင့် ဒါရိုက်တာ မင်းထင် ကိုကိုကြီး၏ ဆင်ဆာရ ပြီးသား ဗိုလ်ချုပ်နှင့်သက်ဆိုင်သော မှတ်တမ်းရုပ်ရှင် များကို ပြသရန် စီစဉ်ထားကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment