Tuesday, January 20, 2015

ဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေး ညှိနှိုင်းမှုအဖွဲ့ ဖွဲ့စည်း


တရားဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းရာဥက္ကဌအဖြစ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တရားဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီညှိနှိုင်းမှုအဖွဲ့ဟာ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ဥပဒေရေးရာကိစ္စရပ်တွေ ကို လေ့လာသုံးသပ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံ တင်ပြရမှာဖြစ်တယ်လို့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

တရားဥပဒေ စိုးမိုးရေးဌာနတွေကို မန္တလေးမြို့နဲ့ လားရှိုးမြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့ပြီး ကျန်တဲ့တိုင်းနဲ့ ပြည် နယ်တွေမှာလည်း ထပ်မံတိုးချဲ့ဖွင့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment