Tuesday, December 23, 2014

လောင်းကစားနှင့် လိင်လှုံ့ဆော်မှု စစ်ဆင်ရေး၌ တရုတ်တွင် လူ ၃၀၀၀၀ ကျော် ဖမ်းဆီး


လိင်လှုံ့ဆော်မှုနှင့် လောင်းက စားလုပ်ငန်းများအပေါ် နှစ်လတာ စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ရာ လူ ပေါင်း ၃၀၀၀ဝကျော် ဖမ်းဆီးရမိခဲ့ ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် ဆင်ဟွာသတင်းက ဖော်ပြ လိုက်သည်။

နောက်ဆုံးဖမ်းဆီးမှုအဖြစ် တရုတ်တောင်ပိုင်းဂွန်ဒေါင်းပြည်နယ် တွင် လူ ၃၀၁၄ဦး ဖမ်းဆီးခဲ့ပြီး ဒီဇင် ဘာလ ၁၅ ရက်နေ့တွင် လူ ၈၀၀၀ အား ရာဇဝတ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆင်ဟွာသတင်းက ဂွန်ဒေါင်းပြည် နယ်ပြည်သူ့လုံခြုံရေးဌာနကို ကိုး ကားဖြော်ပခဲ့သည်။

ဟွီးကျူမြို့၌ လောင်းကစားလုပ် ငန်းလုပ်သည့် ယွမ်ငွေသန်း ၃ဝကို နိုဝင်ဘာလ ၂၄ ရက်ဖမ်းဆီးရမိခဲ့ သည်။

တရုတ်ပြည်မကြီး၌ ၁၉၄၉ခုနှစ် မှစ၍ လောင်းကစားခြင်းကို တရား မဝင်အဖြစ် သတ်မှတ်ခဲ့သည်။ သို့ ရာတွင် နိုင်ငံတော်အောင်ဘာလေ ထီကိုမူ ဖွင့်လှစ်လျက်ရှိကြောင်း သိ ရသည်။

Ref : Reuters

‪‎Democracytoday‬

No comments:

Post a Comment