Friday, December 05, 2014

ခိုလှုံခွင့်တောင်းသူ သောင်းချီကို ယာယီခိုလှုံခွင့်ပြု



သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းတဲ့ လူပေါင်း နှစ်သောင်းကျော်ကို အစိုးရက ယာယီနေထိုင်ခွင့် ပေးမယ့်ကိစ္စကို လွှတ်တော်အမတ်တွေက ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။ သြစတြေးလျ လွှတ်တော် ခိုလှုံခွင့်တောင်းသူတွေကို ယာယီနေ ထိုင်ခွင့် ပေးမယ့် ဥပဒေ ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်အမတ်တွေဟာ ဒီမနက် အာရုံဦးအချိန်အထိ ညလုံးပေါက် ဆွေးနွေးပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။
အဲဒီဥပဒေက လှေတွေနဲ့ ရောက်လာတဲ့ ခိုလှုံခွင့်တောင်းလိုသူတွေကို သြစတြေးလျမှာ ယာယီနေထိုင်ခွင့်ပေးပြီး အလုပ် လုပ်ခွင့်ပါ ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူဝင်မှု ထိန်းသိမ်းရေးစခန်းက အသက် ၁၈ နှစ်အောက် ကလေးတွေ အားလုံးကိုလည်း လွတ်ပေးမှာ ဖြစ်ပါတယ်။

တချို့ လွှတ်တော်အမတ်တွေကတော့ အစိုးရရဲ့ ပေါ်လစီကို မကြိုက်ပေမယ့် ကလေးတွေကို ထိန်းသိမ်းရေး စခန်းကနေ လွတ်ပေးမယ်ဆိုတဲ့ မက်လုံးကြောင့် အစိုးရ ပေါ်လစီကို ထောက်ခံလိုက်တာလို့ ပြောပါတယ်။

တချို့လွှတ်တော်အမတ်တွေကလည်း ခိုလှုံခွင့် တောင်းလိုသူတွေက သူတို့ဆီကို စာရေးဆက်သွယ်ပြီး လူဝင်မှု စခန်းမှာ ထိန်းသိမ်းခံထားရတာထက်စာရင် အပြင်ထွက် အလုပ်လုပ်ခွင့်ရတာက ပိုကောင်းတဲ့အတွက် အစိုးရရဲ့ အဆိုကို ထောက်ခံ ဖို့ တောင်းဆိုတာကို သနားလို့ ထောာက်ခံရခြင်း ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ABC

No comments:

Post a Comment