Wednesday, December 10, 2014
မူဂါဘီကို လုပ်ကြံဖို့ စွပ်စဲခံရတဲ့ ဒုသမ္မတ ရာထူးကဖယ်ရှားခံရ
ဇင်ဘာဗွေနိုင်ငံ ဒုသမ္မတဟာ သမ္မတ ရောဘတ် မူဂါဘီကို လုပ်ကြံဖို့ ကြိုးစားတယ်လို့ စွပ်စွဲခံရပြီးနောက် ရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ ဇင်ဘာဗွေ နိုင်ငံမှာ သမ္မတ တစ်ဦးသာ ရှိခဲ့ပြီး အသက် ၉၀ အရွယ် ရောဘတ် မူဂါဘီကပဲ နှစ်ပေါင်းများစွာ ဆက်တိုက် အုပ်ချုပ်လာတာ ဖြစ်ပါတယ်။
အမျိုးသမီး ဒုသမ္မတ Joyce Mujuru က သမ္မတရဲ့ အရိုက်အရာကို ခံမယ့်လူလို့ မြင်ကြပေမယ့် အခုအခါမှာ ရားထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။
ဒုသမ္မတအပြင် ဝန်ကြီး ၇ ယောက်ကိုပါ ရာထူးကနေ ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။
သူမကို ဝေဖန်သူတွေကတော့ ဒုသမ္မတဟာ သမ္မတ လုပ်ကြံဖို့ ကြိုးစားနေ တယ်လို့ စွပ်စွဲကြပါတယ်။
သမ္မတရဲ့ ဇနီးသည်ကလည်း ဒုသမ္မတကို အထူးတလည် ဝေဖန်မှုလုပ်ခဲ့ပါတယ်။
သမ္မတ ကတော် Grace Mugabe ဟာ Zanu PF ပါတီမှာ ကြီးမားတဲ့ ရာထူးကို ရရှိထားသူဖြစ်ပြီး ဒုသမ္မတ ရာထူးကို သမ္မတ ကတော်က ရယူချင်နေတာလို့ သုံးသပ်ကြကြောင်း အာဖရိက ဆိုင်ရာ အေဘီစီ သတင်း
ထောက် Martin Cuddihy က သတင်းပေးပို့ထားပါတယ်။
ABC

No comments:
Post a Comment