Friday, October 03, 2014

ဦးလှဆွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါင်းပုဝါနဲ့ ဂါရဝပြု





လွှတ်တော် မင်းသားကြီး ဦးလှဆွေက သီတင်းကျွတ်အခါသမယမှာ မြန်မာတို့ရဲ့ ထုံးစံဓလေ့အတိုင်း သက်ကြီး ဂါရဝပြုမှု တခုလုပ်ခဲ့ပါတယ်။ 

ဦးလှဆွေက လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ဖေ့စ်ဘုတ်ပေါ်မှာ တင်လာတဲ့ ပို့စ်မှာတော့ သူ့ရဲ့ သက်ကြီး ဂါရဝ ပြုခံပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါဘဲ။ 

ဒေါ်အောင်ဆန်း စုကြည်ကို ဦးလှဆွေက ဘာပစ္စည်းနဲ့ ကန်တော့လည်းဆိုတာကတော့.. 

"သီတင်းကျွတ်ဆိုတော့ သက်ကြီးတဲ့သူ ဝါကြီးတဲ့ သူတွေကို ဂါရဝပြုရတာပေါ့ ။ ဒီနေ့ လွှတ်တော်ပြီးတော့ အမကြီးဒေါ်အောင်ဆန်းစုကြည်ကို ယောထမီ နဲ့ ဒေါင်းပုဝါ ဂါရဝ ပြုပါတယ် ။ အမကြီးက ဆုပေးပါတယ်၊ ကျန်းမာချမ်းသာပါစေတဲ့ဗျား။ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ " ဆိုပြီး ဦးလှဆွေ က ရေးထားပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment