Tuesday, October 07, 2014

ခါကာဘိုရာဇီ ပျောက်ဆုံး ရဟတ်ယာဉ်ပေါ်ပါ စီးနင်းသူများကို ပြန်တွေ့



ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်မှာ ပျောက်ဆုံးသွားတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေရာမှာ အသုံးပြုဖို့ ထိုင်းနိုင်ငံက ငှားယမ်းထားတဲ့ ဘီ ၄ ရဟတ်ယာဉ်မှာ လိုက်ပါသွား တဲ့သူတွေဟာ လန်ကာကျေး ရွာကို ရောက်ရှိလာပြီလို့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

ဘီ-၄ ရဟတ်ယာဉ်မှာ ပါသွားတဲ့ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး ချတ်ချာဝလ်၊ မြန်မာရဟတ် ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ထူးဖောင်ဒေးရှင်းက ဦးရွှေရင်တော်ကြီး တို့ လန်ကာကျေးရွာကို ရောက်လာတယ်လို့ ထူးဖောင်ဒေးရှင်း ပြောခွင့်ရ ဦးဖြိုးကိုကိုသက်က ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးအသေးစိတ် မပြောနိုင်ပေမယ့် ၃ ဦးလုံး အခြေ အနေကောင်းမွန်တယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၇  ရက်နေ့က  ကယ်ဆယ်ရေးအဖွဲ့ အခြေစိုက် စခန်းရှိတဲ့ တဟွန်ဒမ်းရွာကို ရိက္ခာပို့ဖို့ သွားရင်း ရဟတ်ယာဉ်ဟာ အဆက်အသွယ် ပြတ် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကစလို့ ခါကာဘိုရာဇီ တောင်တက်ရင်း အဆက် အသွယ်မရ တော့တဲ့  သဘာဝခေါ်သံ ဖောင်ဒေးရှင်းက တောင်တက် သမားနှစ်ဦးဖြစ်တဲ့ ကိုအောင် မြင့်မြတ်နဲ့ ကိုဝေယံ မင်းသူတို့  ၂ ဦးကို ရှာဖွေရင်း မတွေ့ခဲ့တဲ့အတွက်  စက်တင်ဘာလ ၂၇ ရက်နေ့ ကိုရှာဖွေရေး နောက် ဆုံးနေ့ အဖြစ်သတ်မှတ်ခဲ့ပေမယ့်  ရဟတ်ယာဉ်တစီး ထပ်ပြီး ပျောက်ဆုံးခဲ့တဲ့ အတွက် ရက်တိုးပြီး ရှာဖွေနေတာဖြစ်ပါတယ်။

DVB

No comments:

Post a Comment