Friday, September 05, 2014

မလေးရှားနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဟု တရုတ်သမ္မတပြော


မလေးရှားဘုရင် အဗ်ဒူဟာလင်းမ်ရဲ့ တရုတ်နိုင်ငံအလည်အပတ်ခရီးဟာ ၂ နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်စေလိမ့်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ခေါင်းဆောင် ၂ ယောက် စက်တင်ဘာ ၄ ရက်နေ့ တွေ့ဆုံမှုအတွင်း ပြောပါတယ်။

တရုတ်နဲ့ မလေးရှားသံတမန်ဆက်ဆံရေး နှစ် ၄၀ အတွင်း အပြန်အလှန်ဆက်ဆံရေးက ခိုင်ခိုင်မြဲမြဲ တိုးတက်ခဲ့တယ်လို့ တရုတ်သမ္မတက ပြောပါတယ်။

ဒါ့အပြင် တရုတ်-မလေးရှား ဆက်ဆံရေးတိုးမြှင့်ဖို့ ဘုရင်ဟာလင်းမ်ရဲ့ အားထုတ်မှုတွေကို ချီးကျူးပြော ဆိုခဲ့ပါတယ်။

မလေးရှားဘုရင်ကတော့ မနှစ်က တရုတ်သမ္မတရဲ့ မလေးရှား အလည်အပတ်ခရီး ကြောင့် အောင်မြင် မှုက ပြီးပြည့်စုံတာလို့ ပြောပါတယ်။

မေလက မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇဲ့ခ် တရုတ်နိုင်ငံကို သွားရောက် လည်ပတ်မှုအတွင်း ဗျူဟာမြောက် မိတ်ဖက်ဖြစ်မှု အားဖြည့်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

မလေးရှားဘုရင်က တရုတ်အကြောင်း သူ့ရဲ့ဗဟုသုတကို တိုးမြှင့်ဖို့ မျှော်လင့်ပြီး အစဉ်အလာ မဟာ မိတ်ဖြစ်မှုကိုလည်း ဆက်ပြီး နက်ရှိုင်းအောင် လုပ်မယ်လို့ ပြောပါတယ်။

DVB

No comments:

Post a Comment