Tuesday, September 30, 2014

ဒေါ်အောင်ဆန်းစုကြည် တက်လာဖို့ဆိုတာ ဖြစ်နိုင်ပါမလား


“လာမည့်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည် တက်လာဖို့ ဆိုတာဖြစ်နိုင်ပါ့မလား”  ဟု ကရင် အမျိုးသားအစည်းအရုံး (KNU)  မှ ဖဒိုတာမူလာက စက်တင်ဘာ (၂၈) ရက်နေ့တွင် ဘားအံမြို့၊ သုမေဓာရာ မကျောင်း ၌ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)  ဥက္ကဋ္ဌဗိုလ်ချုပ်စောမူတူး စေးဖိုး ဦးဆောင်သောအဖွဲ့သည် ဘားအံမြို့၊ သုမေဓာရာမကျောင်း တိုက်၌ စက်တင်ဘာ (၂၈) ရက် နံနက်က ဒေသခံများနှင့် တွေ့ဆုံ  ပြီး UNFC   နှင့် ကွဲလွဲခဲ့ရသည့် အချက်များကို ရှင်းလင်းပြောကြားရာ နိုင်ငံရေးဆွေးနွေးမှုကို အာမ ခံပေးနိုင်သူ မပေးနိုင်သူ တို့တွင် မည်သူနှင့် အလုပ်လုပ်ရမည်လဲ ဆိုသည်ကို မိမိတို့တွင် တွက်ချက်လုပ်ကိုင်ခွင့်ရှိကြောင်း ဖဒိုတာ မူလာ ကပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကပေါ်ပြူလာအဖြစ်ဆုံးပြည်ပ မှာထောက် ခံမှုအများဆုံးရတဲ့ အဖွဲ့အစည်း အနေနဲ့ အားလုံးက ပြောနေကြပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေရှိနေတဲ့အပေါ်မှာ  ကျွန်တော်တို့အားလုံး လေးစားကြ တဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတဖြစ်နိုင်မလား၊ဒါကမေးရမယ့် မေးခွန်း၊ အခြေခံဥပဒေနဲ့ ကြည့်လို့ ရှိရင် အားလုံးသိပြီးတဲ့ အတိုင်းပဲ  ၅၉ (စ)ကို မပြင်နိုင်သလို ၄၃၆  လှုပ်ရှားမှုမှာ လက်မှတ်ထိုး တင် လိုက်တဲ့ ငါးသိန်းလောက် ရတဲ့ အပေါ်မှာ အခုတိုင်းဆက်ရှိနေ သေးတဲ့ အပေါ်ရွေးကောက်ပွဲကြီး ကလည်းနီးလာပြီ၊ ဒီအချက်တွေကို  ကြည့်မယ်ဆိုလို့ရှိရင် ဒေါ်အောင် ဆန်းစုကြည်တက်လာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ 

ဒေါ်အောင်ဆန်း စုကြည်ကသာ အရာရာကိုလုပ် နိုင်တယ်လို့တချို့ဒီလိုရိုးရိုးလေးတွေး နေကြတဲ့သူတွေ
ရှိနေကြတဲ့ အပေါ်သုံးသပ်ချက်နဲ့ ပြောခြင်း  ဖြစ်ပါတယ်”ဟု ဖဒိုတာမူလာက ပြောသည်။

နိုင်ငံရေးရလဒ်အောင်မြင်ပြီး တက်လာခဲ့ပါက နိုင်ငံရေးသမားတစ်ယောက်အနေနှင့် ဒေါ်အောင်ဆန်း စုကြည် သည် နိုင်ငံရေးဆွေးနွေးမှုများကို တကယ် လုပ်ပါ့မလားဆိုသည့်တွေးစရာရှိ သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“နိုင်ငံရေးသမားတွေကို အားလုံးသိကြပါတယ်။ တကယ် လို့သာကျွန်တော်တို့ချစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ကလည်း နိုင်ငံရေးသမားတစ်ယောက်အနေ နဲ့ အလုပ်လုပ်ရမယ့်အချိန်မှာ တက် လာတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေး မှုကို သူတကယ်လုပ်မလား။ ဒါက လည်းမေးခွန်းမေးစရာရှိလာပါတယ်။  နိုင်ငံရေး
ဆွေးနွေးမှုလုပ်မှသာလျှင်  ကျွန်တော်တို့က ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စစ်မှန်သော ဖြေရှင်း မှုဖြစ်တယ် လို့ ကျွန်တော်တို့က အမြဲတမ်းဆောင်ပုဒ်ထားပြီး ကြွေး ကြော်ခဲ့တဲ့ သူတွေအတွက် နိုင်ငံ ရေးဆွေးနွေးမှုကို အာမ မခံပေး  နိုင်တဲ့ သူကိုဆိုရင် ကျွန်တော်တို့ က ဘယ်သူနဲ့ အလုပ်လုပ်ရမှာလဲ ဆိုတာ တွက်ချက်လုပ် ကိုင်ခွင့်တော့ ကျွန်တော်တို့မှာရှိပါတယ်“ဟုKNU  ရပ်တည်မည့်သဘောထားကို ၎င်းကပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံ (KNU) အနေဖြင့် UNFC မှ ခွဲ ထွက်ခဲ့ရသည့်အကြောင်းများနှင့် ပတ်သက်ပြီး ဖက်ဒရယ်အာမီကိစ္စ ကိုပြောကြားရာတွင် “ထိပ်တိုက် ရင်ဆိုင်ခြင်းဖြင့်သာလျှင် အောင်မြင်မှုကိုလှမ်းနိုင်မယ် လို့ ယုံကြည်သူတချို့လည်းရှိပါတယ်။ အဲဒါကတော့ UNFC  ကနေပြီး (Constitution)  ကွန်စတီကျူရှင်း မှာကြည့်လိုက်ပါ။ ဖက်ဒရယ် အာမီ၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းဆိုတဲ့သူရဲ့ ကွန်စတီ  ကျူရှင်းမှာ ရေးထားတာလည်းဖြစ် သလိုလက်တွေ့လည်းသတင်းမီဒီယာ  ထဲကြည့်လိုက်ပါ။ 

ဖက်ဒရယ်မြောက်  ပိုင်းကနေပြီးတော့ တိုက်ပွဲတွေ ဘယ်လိုဖြစ်နေပါသလဲ။ အဲဒီ နည်းတူကျွန်တော်တို့ တောင်ပိုင်း  တွေမှာပဲ လှုပ်ရှားမှုတွေရှိလာမှာ ကို သတိထားစေချင်ပါတယ်။ ကျွန်တော်တို့ကိုမေးခွန်းမေးဖူး တယ်။ ဒါဆို ဖက်ဒရယ်အာမီကို မကြိုက်ဘူးလား၊ ဖက်ဒရယ်အာမီ အကြောင်းကို မပြောပါနဲ့ဦး၊ ဖက်ဒရယ်
ပြည်ထောင်စုအကြောင်း၊ အားလုံးပါဝင်တဲ့ တန်းတူညီမျှရှိ တဲ့ ပြည်ထောင်စုနိုင်ငံရေးစင်တာကို ကျွန်တော် တို့ပြောပြီး သဘော  တူညီကြမယ်ဆိုရင် တစ်ချိန်ထဲမှာ  ဖက်ဒရယ်ရေးရာ တရားစီရင်မှု၊ အုပ်ချုပ်ရေးတွေ စသည်ဖြင့် ပါဝင်  လာမှာဖြစ်တဲ့အတွက် ကျွန်တော် တို့ဒီအချိန်တစ်ဦးနဲ့ တစ်ဦးယုံကြည်  မှုမရှိတဲ့အချိန်၊ ယုံကြည်မှုတည် ဆောက်ရမယ့်အချိန်သံသယဖြစ် စရာအလုပ်တွေက ယုံကြည်မှုဖြစ်  စေသလား၊ အနုတ်လက်္ခဏာကို နောက်ပြန်ဆွဲစေသလားဆိုတာ၊ ဒါကြောင့် ကျွန်တော်တို့ကUNFC နဲ့ ကွဲလွဲရတဲ့ အချက်ဖြစ် တယ်ဆိုတာကို ပြောချင်ပါတယ်”ဟု ဖဒိုတာမူလာကပြောကြားသည်။

ဘားအံမြို့၌ပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံးKNU ၏ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ကျောင်းသား အရွယ်ကရင် တိုင်းရင်းသားလူငယ်လေးများကို  အများဆုံးတွေ့ရပြီး လူလတ်ပိုင်း နှင့် လူကြီးပိုင်းများ အနည်းငယ်သာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


Hot News Journal

No comments:

Post a Comment