Monday, September 29, 2014

အစိုးရ ပူးပေါင်းမှု အားနည်းခြင်းကြာင့် တရားဥပဒေစိုးမိုးရေးစင်တာဖွင့်ရန် ကြန့်ကြာဟုဆို


စက်တင်ဘာလဆန်းမှာ မန္တလေးနဲ့ လားရှိုးမြို့တွေမှာ ဖွင့်ဖို့ စီစဉ်ထားတဲ့ တရားဥပဒေစိုးမိုးရေးစင်တာတွေ ကို နိုဝင်ဘာလမှာ ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

အစိုးရပိုင်းက ပူးပေါင်း ပါဝင်မှု အားနည်းတဲ့အတွက် အခုလို ကြန့်ကြာရတာလို့ ဒီနေ့ ပြည်သူ့လွှတ်တော် မှာ တင်သွင်းတဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

ဒီစင်တာမှာ သင်တန်းတွေ တက်ရောက်ဖို့ အစိုးရကိုယ်တိုင်က တရားရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေကို စာရင်းပေးသွင်းခဲ့ပေးမယ့် အချိန်နီးကပ်မှ အစိုးရဌာနတွေ ဖြစ်လို့ လွှတ်တော်နဲ့ ပူးပေါင်းဖို့ မဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း ဦးဝင်းမြင့်က ပြောပါတယ်။

DVB

No comments:

Post a Comment