Sunday, September 07, 2014

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဟု ကော်မရှင်ဥက္ကဋ္ဌပြော



၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီနေ့ ရန်ကုန် မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လစ်လပ်မဲဆန္ဒနယ်မြေနဲတဲ့အတွက် တပါတီထဲက စုပြုံပြီး အနိုင်ရသွားခဲ့ရင်တောင် လွှတ်တော်ထဲမှာ ထိရောက်မှု မရှိနိုင်ဘူး။ 



နောက်တခုက ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲလုပ်မယ့် အချိန်တို့ ကပ်နေတာကြောင့် ပါတီသစ်တွေအနေနဲ့ ၁နှစ်အတွင်း ၂ ပွဲဝင်ပြိုင်နေရမှာဖြစ် လို့ ငွေကြေးအကုန်အကျများပြီး အခက်တွေ့နိုင်တယ် စတဲ့ အကြောင်း ရင်း ခံတွေကြောင့် ကြားဖြတ်မလုပ်တော့မှာ ဖြစ်တယ်လို့ ဦးတင်အေးက ပြောတဲ့ အကြောင်း ပါတီတွေနဲ့ တွေ့ဆုံ ပွဲကို သွားရောက်သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ တနိုင်ငံလုံး လစ်လပ်မဲဆနနေရာ ၃၅ နေရာ အတွက် လာမယ့် နိုဝင်ဘာလကုန် ဒါမှ မဟုတ် ဒီဇင်ဘာလဆန်းမှာ ကြားဖြတ် ရွေးကောက်ပွဲလုပ်မယ်လို့ အရင်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment