Wednesday, September 24, 2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူမှုကို ခေတ္တရပ်နားကြောင်း ဦးစံလင်းပြောကြား ဗညားလတ်သုံးထပ်သင်္ဘောကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံ
ဓမ္မစေ တီခေါင်းလောင်း ရှာဖွေဆယ်ယူမှု ကို ခေတ္တရပ်နား၍ အထိုင်သင်္ဘောအဖြစ် အသုံးပြုသော ဗညား လတ် သုံးထပ်သင်္ဘောကို ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံလိုက် ပြီဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ သင်္ဘောဆိပ်ကို ပြန်လာပါပြီ။ အခု ရန်ကုန်ဆိပ်ကမ်း မှာပါ။ ဘာကြောင့် ပြန်အပ်တယ်ဆို တာကို ကျွန်တော်တို့ သတင်းစာရှင်း လင်းပွဲပြုလုပ်သွားမှာပါ'' ဟု ဦးစံလင်း က ပြောသည်။
ဗညားလတ် သုံးထပ်သင်္ဘော ကို မော်တင်ကမ်းနားတွင်ရှိသော ဆိပ်ကမ်းရုံးသို့ စက်တင်ဘာ၂၃ရက် နံနက် ၁၁နာရီခန့်တွင် ပြန်လည်အပ် နှံခဲ့ကြောင်း ခေါင်းလောင်းဆယ်ယူ ရေးပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်း က ပြောသည်။
''သင်္ဘောကို မော်တင်ဆိပ် ကမ်းရုံးမှာ ပြန်အပ်ပြီး သင်္ဘောအ ပေါ်မှာရှိတဲ့ ပစ္စည်းတွေကို ရွှေ့နေ တယ်''ဟု ယင်းကဆက်လက်ပြော သည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေ တူးဖော်မှုအတွက် ယုံကြည်မှုဖြင့် လာရောက်လှူဒါန်းထားသောငွေ များကို လည်း အလှူငွေဖြတ်ပိုင်းနှင့် အလှူရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ လာရောက်လှူ ဒါန်း ထားသော အလှူငွေများမှာ ကျပ်သိန်းပေါင်း ၁၃၄သိန်းခန့်ရှိ ကြောင်း ဘဏ္ဍာရေးမှူးဦးသန်းစိန် ထံမှ သိရသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေဆယ်ယူမှုကို သြဂုတ် ၈ရက်က စတင်ခဲ့ပြီး ခေါင်းလောင်းရှာဖွေမှု နှင့်ပတ် သက်သည့်အကြောင်းအရာ များကို စက်တင်ဘာ၂၅ရက်တွင် ဦးဝင်းမြင့်၏ ရွှေအုန်းပင်စားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲပြု လုပ်သွားမည်ဖြစ်သည်။
MTZ
#Democracytoday
Yangon Media Group

No comments:
Post a Comment