Tuesday, August 05, 2014

သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဦးရဲထွဋ် ဆက်လက်တာဝန်ယူ


ဝန်ကြီးဦးရဲထွဋ်က သူ ရာထူးတက်သွား၊ တာဝန်ပိုကြီးသွားပေမယ့်လည်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်  ဆက်လက်တာဝန်ရှိနေပါတယ်တဲ့။ ဒီအကြောင်း သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ   ရေးသား အသိပေးလာပါတယ်။ ဒီအတိုင်းဆိုရင် ဗဟိုအစိုးရဝန်ကြီးများထဲမှာ သူက အလုပ်အများဆုံးဖြစ် လာဖွယ်ရှိပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်အပြင် နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူတာဝန်ကို လည်း ဆက်ပြီး ထမ်းဆောင်မှာဖြစ်ပါတယ်။

သတင်းမေးလိုတဲ့ စာနယ်ဇင်းသမားများအနေနဲ့ လည်းကောင်း၊ Facebook စာမျက် နှာမှာ ရေးမယ့်အစား သီးသန့်စာရေးသားဝေဖန်အကြံပြုလိုသော ပြည်သူများ အနေနဲ့ လည်းကောင်း information@myehtut. com ကို ဆက်သွယ်မေးမြန်း အကြံပြု နိုင်ပါတယ်။ အရင် စာနယ်ဇင်းသမားများသုံးနေတဲ့ ဂျီမေးလ်ကို မသုံးတော့ပါဘူး။

Attached File များကို ဖွင့်မှာ မဟုတ်တဲ့အတွက် ရေးလိုသောအကြောင်း အရာများကို မေးလ်ထဲမှာ တစ်ပါ တည်းရေးသားပေးစေလိုပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment