Wednesday, August 20, 2014

ဟံသာဝတီ ဦးဝင်းတင် အုတ်ဂူက ကျောက်ပြားတချပ် ပျောက်ဆုံးနေ






ကွယ်လွန်သူ ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ အုတ်ဂူက ဟံသာဝတီသတင်းစာ ကျောက်ပြား ပျောက်ဆုံးနေပါတယ်။ ဒီအကြောင်း NLD အမတ် ဒေါ်ဖြူဖြူသင်းက သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးထား ပါတယ်။ 

“၁၉.၈.၂၀၁၄ နေ့ မှာ အီတလီ မိတ်ဆွေတွေကို ရေဝေးက အဘဦးဝင်းတင်ရဲ့ အုတ်ဂူကိုလိုက်ပြပေးရပါ တယ်။ သူတို့က အဘမဆုံးခင်ကတည်းက တွေ့ဖူးစကားပြောဖူးပြီး အဘကိုအရမ်းလေးစား ချစ်ခင်ကြ သူတွေပါ။ အဘဂူပေါ်မှာ ကပ်ထားတဲ့ ဟံသာဝတီသတင်းစာ ကျောက်ပြား မရှိတော့ပါ။ အစောင့်တွေ မေးတော့လည်း မသိဘူးပဲ ပြောနေပါတယ်။ တော်တော်လေး စိတ်ဆိုးမိပေမယ့် ဧည့်သည်တွေပါနေလို့ ဘာမှ ထပ်မပြောတော့ပဲ ဧည့်သည်တွေ သွားမယ့် ပန်းပင်ကုန်းဖက်လိုက်ပို့ပါတယ်” လို့ ဒေါ်ဖြူဖြူသင်း က ရေးထားပါတယ်။ 

 ဒေါ်ဖြူဖြူသင်းကတော့ မြန်မာနိုင်ငံသားတွေ သိက္ခာကို ဆည်တဲ့အနေနဲ့ နိုင်ငံခြားသား အီတလီတွေရှေ့မှာ အုတ်ဂူက ကျောက်ပြား ခိုးယူခံရတာကို ဘာမှ ထပ်မပြောပဲ နေခဲ့တာဖြစ်မှာပါ။ အလိမ္မာနဲ့ စိတ်ဆိုးမှုတွေကို မြိုသိပ်ခဲ့ရ တယ်ဆိုတာလည်း ပေါ်လွင်ပါတယ်။ 

နာမည်ကြီး သတင်းစာဆရာ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး တဦး ဖြစ်တဲ့ ဦးဝင်းတင်ရဲ့ အုတ်ဂူက ကျောက်ပြားပျောက်တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား၊ ဒီနောက် ကွယ် ဘာတွေများ ရှိနေမလဲဆိုတာ ဝေဖန်မှုလာနေကြပါပြီ။ 

 ဒေါ်ဖြူဖြူသင်းကတော့ ဖေ့စ်ဘုတ်ကနေ ရှက်ဖွယ် လုပ်ရပ်တခုကို အသိပေးလိုက်ပါပြီ။ ဒီကိစ္စ တာဝန်ရှိ သူတွေ က ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းတွေကတော့ အွန်လိုင်းပေါ်မှာအသီးသီးထွက်ပေါ်လာနေပါပြီ။ 

ဧရာဝတီblog

No comments:

Post a Comment