Thursday, August 21, 2014

အန်အယ်လ်ဒီ ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်း တောင်းခံ



ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး အဖွဲ့ချုပ် ဗဟိုကို ပေးဖို့ကြဖို့ မြို့နယ်ပါတီတွေထံ စာနဲ့ အကြောင်းကြား ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
မြို့နယ်အဖွဲ့ချုပ်က တင်ပြလာတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြင်ပပညာရှင်တွေပါဝင်တဲ့ ဘုတ်အဖွဲ့က စိစစ်ပြီး အပြီးသတ် ကိုယ်စားလှယ်လောင်းကိုတော့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပဲ ရွေးချယ်သွားမယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

အဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာတိုင်း ၀င်ပြိုင်ဖို့ ရှိပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကော် မတီတွေ အဆင့်ဆင့်ဖွဲ့စည်း လုပ်ဆောင်နေပါတယ်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလဆန်းမှာ ကျင်းပဖို့ ရှိပြီး လစ်လပ်နေရာပေါင်း ၃၄ နေရာ ရှိပါတယ်။

DVB

No comments:

Post a Comment