Wednesday, August 06, 2014

ဂျပန်နိုင်ငံမှနာမည်ကျော်မင်းသားကြီး ဆန်နီချီးပါး၊ ဂျပန်မင်းသမီး၂ဦးနှင့် မြန်မာအနုပညာရှင်များ ပါဝင်မည့် စုန်းရုပ်ရှင် ဇာတ်ကားမြန်မာပြည်တွင် ရိုက်ကူးမည်


မြန်မာရုပ်ရှင် ကြည့်ပရိသတ်နှင့် ရင်းနှီးပြီး သားဖြစ်သောဂျပန် နိုင်ငံမှ နာမည်ကျော် မင်းသားကြီး ဆန်နီချီးပါးနှင့် ဂျပန်နိုင်ငံမှနာမည် ကျော်မင်းသမီး (၂)ဦး အပါအဝင်မြန်မာရုပ်ရှင်သရုပ်ဆောင်များ ဖြစ် Sone (မြန်မာအမည်-စုန်း) ရုပ်ရှင်ဇာတ် ကားကြီးရိုက် ကူးတော့မည်ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကား ကိုထုတ်လုပ်မည့်Living Sound Entertainment ၏ CEO ကိုဂျော်မရမ်က ပြောပြသည်။

အခု ညှိနှိုင်းမှုတွေက အတော် ကိုခရီးရောက် နေပါပြီ။ ဆန်နီချီးပါးနဲ့ ဂျပန်က နာမည်ကျော် မင်းသမီး ၂ဦး၊ နာမည်သိပ်မရှိသေးတဲ့ ဂျပန်မင်း သမီး ၄ဦးလောက်ကို မြန်မာပြည် ခေါ်လာပြီးတော့ Study Movie ပုံစံမျိုးကို Suspense နဲ့ရောပြီး ရိုက်ကူးပါမယ်။ ဂျပန်ဒါရိုက်တာနဲ့ ဂျပန်က Crew  တွေနဲ့ရိုက်ကူးမှာပါ။ 

ကျွန်တော် ကတော့ မြန်မာပြည်အပိုင်းအတွက်အကုန်တာဝန်ယူထား တယ်။ ကျွန်တော်ကိုယ်တိုင်လည်း  Co,Directorအနေနဲ့ ပါဝင်မှာပါ။ ပရိုဂျူဆာလည်း ကျွန်တော်ပါပဲဟု ဂျော်မရမ်က ပြောပြသည်။

ရိုက်ကွင်းတည်နေရာအားလုံးကို မြန်မာနိုင်ငံအတွင်းမှာပဲ အခြေပြုထားပြီး ၁ဝဝရာခိုင်နှုန်းအပြည့် မြန်မာ ပြည်မှာ ရိုက်ကူးသွားမည်ဖြစ်ပြီး ယခုသြဂုတ်လအတွင်း ဂျပန် နိုင်ငံသို့သွားရောက် ပြီးဆန်နီချီးပါးနှင့် နောက်ဆုံးအဆင့်ဆွေးနွေးကာ မြန်မာ နိုင်ငံသို့ ခေါ်ဆောင်လာ၍ Pro release ပြုလုပ်သွားမည်ဖြစ်၍ ဂျော်မရမ် က ပြောပြသည်။ ရိုက်ကူးမှု အားလုံးပြီးပြီဆိုရင် အဓိကအနေနဲ့ ဂျပန်နိုင်ငံနဲ့ အာရှ တစ်လွှားမှာ ရုံတင်မယ်။

မြန်မာပြည်မှာလည်း ခမ်းနားစွာနဲ့ ရုံတင်ပြသမယ်။ ဒါပေမဲ့ အထူးပွဲကိုတော့ ဂျပန်မှာသွားဖွင့်မယ်။ နိုင်ငံခြား မှာ မြန်မာအနုပညာရှင်  တွေအနေနဲ့ ပထမဦးဆုံး Red Carbbet  ပေါ်မှာလျှောက် လှမ်းသွားနိုင်မှာ ဖြစ်လာပါမယ်။ 

ဇာတ်ကားဖွင့်ပွဲကို နိုင်ငံခြားမှာ အကြီးအကျယ် လုပ်သွားဖို့ စီစဉ်ထားတယ်ဟု ဂျော်မရမ်က ပြောပြသည် ။ဇာတ်ကား ရိုက်ကူးရာတွင် ဂျပန် ဇာတ်ဆောင်များက ဂျပန်စကားပြောဖြင့် ရိုက်ကူးမည်ဖြစ်ပြီး မြန်မာ ဇာတ်ဆောင်များကလည်း မြန်မာ စကားပြောဖြစ်သာ အဓိက သရုပ်ဆောင်မည်ဖြစ်သော်လည်း တစ်လုံးစ ၊နှစ်လုံးစ ဂျပန်စကားပြောရမည့် အခန်းအနည်းငယ် ပါနိုင် ကြောင်း ဂျော်မရမ်က ပြောပြသည်။

အဆိုပါ Sone ဇာတ်ကားတွင် ဂျပန်နိုင်ငံမှ အဓိကဇာတ်ဆောင် ဆန်နီချီးပါးနှင် ဂျပန်မင်းသမီးနှစ်ဦး၊ မြန်မာနိုင်ငံမှ အဓိကသရုပ်ဆောင်များဖြစ်သောလူမင်း၊ မို့မို့ မြ င့်ေ အာင်၊ အိချောပို၊ စံရတီမိုးမြင့်တို့ ပါဝင် မည် ဖြစ်ကြောင်း သိရသည်။

ထက်လူလူ
Popular Journal

No comments:

Post a Comment