Wednesday, July 16, 2014

ဘရာဇီးကမ္ဘာ့ဖလား တွစ်တာသမိုင်းတွင် ရေပန်းအစားဆုံး အားကစားပြိုင်ပွဲဖြစ်ခဲ့


တနင်္လာနေ့က ပြီးဆုံးခဲ့သော  ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲသည် တွစ်တာကဲ့သို့ လူမှု ကွန်ရက်ဝက်ဘ်ဆိုက် တွင်  ရေ ပန်းအစားဆုံးအကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပြီး ပြိုင်ပွဲအကြောင်းရေးသားချက် teeet အရေအ တွက် စုစုပေါင်း ၆၇၂ သန်းခန့်ရှိခဲ့ကာ    တွစ်တာဝက်ဘ်ဆိုက်သမိုင်းတွင် ရေးသားခံရမှုအများဆုံး အားကစား ပြိုင်ပွဲတစ်ရပ်အ ဖြစ် စံချိန်တင်ခဲ့သည် ။

တွစ်တာဝက်ဘ်ဆိုက်က ဖော်ပြရာတွင် ထိုသို့ ပြိုင်ပွဲအ ကြောင်းရေးသားချက်များမှာ ပွဲကာလ ၃၂  ရက် အတွင်းရေးသားချက်များဖြစ်ပြီး ကိန်းဂဏန်းအရ အမြင့်ဆုံး ဖြစ်နိုင်သည်ဆိုသော်လည်း တစ်ညတာ (သို့မဟုတ်)  ပြိုင်ပွဲ တစ်ပွဲသာကျင်းပသည့် စူပါ ဘိုးလ်ပြိုင်ပွဲနှင့် အော်စကာဆုပေးပွဲများအကြောင်း ရေးသား ချက်များနှင့် ပျမ်းမျှအရေအတွက် ချင်း နှိုင်းယှဉ်ရန် ခက်ခဲကြောင်း ဆိုသည်။

ကမ္ဘာ့ဖလားတွင် တွစ်တာ၌အရေးအများဆုံး ဖြစ်ခဲ့သည့်ပွဲမှာ အိမ်ရှင်ဘရာဇီးကို ဂျာမနီက နိုင်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲဖြစ်ပြီး  စုစုပေါင်းရေးသားချက် tweet အ

ရေအတွက် ၃၅ ဒဿမ ၆ သန်းခန့်ရှိခဲ့သည်။ ပြိုင်ပွဲကာလအတွင်း တွစ်တာတွင် ရေးသားဖော်ပြမှု အများဆုံး ကစားသမားမှာ ဘရာဇီးကစားသမားနေမာဖြစ်ခဲ့ပြီး အာဂျင်တီးနားကစားသမား မက်ဆီမှာဒုတိယ၊ အီတလီနောက်ခံလူ  ချီလီယယ်နီကို ကိုက်ခဲ့သဖြင့် လေးလပွဲပယ်ခံခဲ့ရသော ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ် မှာ တတိယ အသီးသီး ရပ်တည်ခဲ့သည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment